17

1K 148 0
                                    


စစ်ကျွင်းတောက် သူ့ရှေ့မှ လိမ္မော်ရောင်ကြောင်လေးကိုကြည့်ကာ ကြောင်ခေါင်းလေးကို ပွတ်သပ်လိုက်သည်။ ပျော်ရွှင်ကြည်နူးနေပြီး ကျန်းဇီမော့ကို ကြည့်လိုက်သော်လည်း သူ၏စကားလုံးများက ကျန်းဇီမော့ကို မပျော်ရွှင်စေပေ။ သူပြောလိုက်သည်မှာ –
" ကားထဲကထွက်သင့်ပြီထင်တယ် ..."

ပြန်သင့်တာကြာပြီ ...
ဝမ်မင်ယီ အသိပြန်ဝင်လာပြီး ရှုံ့မဲ့လျက် ကျန်းဇီမော့ကို ကြည့်နေသည်။

အစတည်းက ငါ့ကောကော့ရဲ့ ဇိမ်ခံကားကြီးပေါ် တက်မလာသင့်တာ ချက်ချင်းဆင်းတော့ ...

ကျန်းဇီမော့ အကြိမ်ကြိမ်အခါခါ တိုက်တွန်းခံနေရသဖြင့် သည်းမခံနိုင်ပဲ ဒေါသထွက်လာသည်။ ‌တံခါးဖွင့်လိုက်ပြီး အပြင်ထွက်ကာ တံခါးကိုဆောင့်ပိတ်လိုက်သည်။ သူ၏မြင်ကွင်းထဲမှ အဝေးသို့မောင်းထွက်သွားသော ငွေရောင်ကားလေးကို ကြည့်နေမိသည်။ သူ၏ရင်ထဲတွင် ‌အမျက်ဒေါသများဖြင့် ပြည့်နှက်နေသည်။

သူက စစ်ကျွင်းတောက်ကို သနားညှာတာပေးပြီး သူ့အတွက်တွေးပေးခဲ့တယ်လေ ... ခုတော့ ဘာဖြစ်သွားပြီလဲ ... စစ်ကျွင်းတောက်က ဝမ်နင်ယီအတွက်နဲ့ သူ့ကိုထားသွားတဲ့အပြင် ‌သူ့အပေါ်ကို ဒေါသထွက်ဖို့ပဲသိတယ် ... ဘာလို့ ဒီလိုဖြစ်ရတာလဲ ... သူတစ်ယောက်တည်းကပဲ စစ်ကျွင်းတောက်ကို အကောင်းဆုံးတွေးပေးခဲ့တာလေ ... အဲ့ဒါကို သူ့မျက်လုံးထဲ ဘာလို့ မမြငခရတာလဲ ...

သူ ဝမ်းနည်းနေသည့်အပြင် စိတ်ဓာတ်ကျနေသည်။ အိတ်ကပ်မှ ဖုန်းကိုထုတ်ကာ ဝမ်ပေါ်ကို ဖုန်းဆက်လိုက်သည်။

ဝမ်ပေါ်က သူငယ်ချင်းများနှင့် အရက်သောက်နေသည့်အချိန်ဖြစ်သည်။ ကျန်းဇီမော့ဖုန်းဆက်သည်ကို မြင်သောအခါ တိတ်ဆိတ်သည့်နေရာသို့ ချက်ချင်းသွားကာ ဖုန်းကိုင်လိုက်သည်။ ထိုအခါ ကျန်းဇီမော့၏ ဝမ်းနည်းနေသည့်အသံကို ကြားလိုက်ရသည်။

ဝမ်ပေါ်  ချက်ချင်းပင် စိတ်ပူပန်သွားသည်။

" ဘာဖြစ်လို့လဲ ... မင်းကို ဘယ်သူအနိုင်ကျင့်တာလဲ ... ဝမ်းမနည်းပါပဲ မင်းပြောပြရင် ငါကူညီပေးမယ်လေ ..."

ဗီလန်ဥက္ကဋ္ဌ၏ခွေးနှင့်ကြောင်အဖြစ် ပြန်လည်၀င်စားခြင်း ( BL ) ( Completed )Wo Geschichten leben. Entdecke jetzt