11

1K 148 0
                                    


ဝမ်မင်ယီ နှာခေါင်းရှုံ့လိုက်သည်။

ဘယ်လိုတောင် အရှက်ကင်းမဲ့တာလဲ ... အရင်ဆုံးငါ့ကို သုံးနှစ်တောင် ပုန်ကန်ခိုင်းပြီး ကောကောနဲ့ကြားထဲက ဆက်ဆံရေးတွေကို ပြတ်တောက်အောင်လုပ်တယ် ... သူငယ်ချင်းတွေနဲ့ သံယောဇဉ်တွေကိုလည်း ပြတ်အောင်လုပ်တယ် ‌... နောက်ဆုံး အသက်ပါသေအောင်လုပ်တယ် ... သူသေသွားပေမယ့် သူ့မိဘတွေက ကျန်းဇီမော့မိဘ ဖြစ်လာသေးတယ် ... ကျန်းဇီမော့ရဲ့ ပျော်ရွှင်မှုတွေက သူ့ရဲ့ အသွေးအသားပေါ် မူတည်နေတာပဲ ...

ဝမ်မင်ယီ အလွန်စိတ်ဆိုးလာသည့်အတွက် ကျန်းဇီမော့က်ို ရိုက်ပစ်ချင်သော်လည်း ကံဆိုးစွာဖြင့် ကျန်းဇီမော့က ဤနေရာ၌ မရှိနေပေ။ သူ စိတ်လှုပ်ရှားစွာဖြင့်
[ အမှတ် ( ၁ )‌အလယ်တန်းကျောင်းမှ အချောဆုံးကောင်လေးများမဟာမိတ် ]ဟူသည့် wechat groupထဲဝင်ကာ စာပို့လိုက်သည် : သူငယ်ချင်းတို့ ငါပြန်လာပြီ ...

[လီယွမ်ချင်းက သူ့ကို အလျင်အမြန် စာပြန်လိုက်သည် :  ယို့ ငါတို့ရဲ့ ကြယ်ပွင့်လေးပါလား အလုပ်မရှုပ်နေဘူးလား ...]

ဝမ်မင်ယီ ပြန်ဖြေလိုက်သည် [: game overဖြစ်သွားပါပြီကွာ ...]

လီယွမ်ချင်း : [မင်းကိုကြည့်ရတာ ဖျော်ဖြေရေးကုမ္ပဏီတွေနဲ့လည်း ပြောရသေးတဲ့ပုံမပေါ်ဘူး ... စာချုပ်ချုပ်ပြီးလား ... လက်မှတ်ရော ထိုးပြီးပြီလား ...]

ဝမ်မင်ယီ : [ဘာမှမလုပ်ရသေးဘူး ...]

လီယွမ်ချင်း သူ့ကို အကြံပေးလိုက်
သည် : [သခင်လေးရေ စာချုပ်ချုပ်တယ်ဆိုတာ ကိစ္စကြီးတစ်ခုပဲနော် ... မင်း ဖျော်ဖြေရေးနယ်ပယ်ထဲဝင်ချင်ရင် ငါနဲ့ ယွင်ဖေးနဲ့က မတားပါဘူး ... ဒါပေမဲ့ စာချုပ်ချုပ်မယ်ဆိုရင် မင်းရဲ့မိဘတွေ ဒါမှမဟုတ် စီနီယာ့ကိုပြ ...groupထဲပို့လိုက်ရင်လည်း တစ်ယောက်ယောက်ကို ရှာပြီး စာချုပ်ကိကြည့်ပေးမယ် ... Talent showတွေကို မသွားဖူးဘူးဆိုတာမျိုးတွေ မပြောနဲ့နော် ... goodbye မင်းကိုမကြာခင် TVမှာ မြင်ရတော့မယ်ဆိုတော့ ငါတော်တော်လန့်သွားပြီ အိုကေ ...]

လုယွင်ဖေး လက်ထောင်ပြကာ ပြောလိုက်သည်။
" ငါလည်း ရောက်လာပြီ "

ဗီလန်ဥက္ကဋ္ဌ၏ခွေးနှင့်ကြောင်အဖြစ် ပြန်လည်၀င်စားခြင်း ( BL ) ( Completed )Where stories live. Discover now