86

767 114 0
                                    

hapter 86

Entertainment New Release V:[ ဒီလိုမျိုး သတင်းစာရှင်းလင်းပွဲကို ပထမဆုံးမြင်ဖူးတာပါ။ တီဗီစီးရီး အရောင်းမြှင့်တင်ခြင်းကနေ ကြီးမားတဲ့အွန်လိုင်း သင်ကြားမှုမြင်ကွင်းအထိဖြစ်သွားတယ်။  ကောလိပ်ဝင်ခွင့် ထိပ်တန်းကျောင်းသားဖြစ်ထိုက်ပါပေတယ်။ အကုန်အမှန်တွေချည်းပဲ! လစ်ဘရယ်ဝိဇ္ဇာ ကျောင်းသားတွေ ဘာကိုစောင့်နေတာလဲ?မြန်မြန်မှတ်စုယူထားကြလေ!ဒါနဲ့ မတ်လ 9 ရက်မှာ ထုတ်လွှင့်ပြသမဲ့ "Pet Romance" ကို လူတိုင်းကြည့်ရှုဖို့ မမေ့နဲ့နော်။]

[ဗီဒီယို]

တိုက်ရိုက်ထုတ်လွှင့်မှုကို မကြည့်ရသေးသော အင်တာနက်အသုံးပြုသူများသည် ဗီဒီယိုကို နှိပ်ကြည့်ပြီသည်နှင့် ချက်ချင်းပင် ရယ်မောမိကြသည်။

(ငါတောင် အဲ့လို့လုပ်နိုင်ပါ့မလားလို့ ကိုယ့်ကိုကိုယ် မသေချာဘူး။ hostက ပေါ့ပေါ့ပါးပါးပဲ မေးလိုက်တာကို သူက တကယ်ကြီး ပြောပြ နေတာပဲ၊ ဟားဟားဟား။)

(ကျေးဇူးပါ ကော! ကောကို မှတ်မိသွားပြီ! ကျွန်တော့် ညီမလေးရဲ့ ဒီနှစ် ကောလိပ်ဝင်ခွင့်စာမေးပွဲက ကောအပေါ်မှာမူတည်သွားပြီ ကောရေ")

(ငါအရမ်းမုန်းတာပဲ! ဘာလို့ သိပ္ပံထူးချွန်ကျောင်းသား တစ်ယောက်ကကျ ဖျော်ဖြေရေးအသိုင်းအဝိုင်းထဲကို  ဝင်မလာရတာလဲ၊ တစ်ယောက်ယောက်က ငါကို သိပ္ပံအကြောင်းလာပြောပြပေးဖို့ ဆုတောင်းနေပါတယ်လို့)

ဝမ်မင်ယီရဲ့ ဖန်များသည်  လူတွေကအမြင်ကတ် ပုံမရသည့်အပြင် အလွန်ပင်သဘောကျနေကြသည်ကို တွေ့လိုက်ရသောအခါ စိတ်သက်သာရာရသွားပြီ သက်ပြင်းချကုန်ကြ၏။

မိနစ်နှစ်ဆယ်လောက် မိန့်ခွန်းပြောပြီးချိန်တွင်  မှားယွင်းနေကြောင်း ဝမ်မင်ယီ သတိထားမိသွားသည်။သူဒီကိုရောက်လာခြင်းသည် ကောလိပ်ဝင်ခွင့် စာမေးပွဲ ထိပ်တန်းဆုအကြောင်း ဟောပြောဖို့ မဟုတ်ဘဲ TVဇာတ်လမ်းတွဲ သတင်းစာရှင်းလင်းပွဲလုပ်ဖို့ဖြစ်သည့်အတွက်
မရရအောင် နိဂုန်းချူပ်ပြီး   ရပ်လိုက်ရ၏။   ပရိသတ်များသည်လည်း ကျယ်လောင်သော လက်ခုပ်သံများကြောင့် ရုတ်တရက် အသိဝင်သွားကြပြီး  ပထမတန်းရှိ ပရိသတ်များကမူ "ဆက်ပြောပါ ကောကော...စကားဆက်ပြောပါ" ဟုပင် အော်ဟစ်နေကြလေသည်။

ဗီလန်ဥက္ကဋ္ဌ၏ခွေးနှင့်ကြောင်အဖြစ် ပြန်လည်၀င်စားခြင်း ( BL ) ( Completed )Where stories live. Discover now