33

873 141 0
                                    

chapter 33

ဝမ်မင်ယီ မျက်ဝန်းပြာကြောင်လေး အစာစားနေသည်ကို ခဏလောက်ကြည့်လိုက်သည်။

ရှန့်ချန်ဇီ၏ လက်ထောက်မှာ သူတို့အားတွေ့သွားပြီး ချက်ချင်းပင် မျက်နှာထက်တွင် အပြုံးတစ်ခုဆင်မြန်းကာ ယန်ဖေးဖေးကို ပြောလိုက်သည်။

‘’ အစ်မယန်… အကိုရှန့်က ဒီကြောင်လေးကို ပြန်ခေါ်ခိုင်းလိုက်လို့ပါ...’’

ယန်ဖေးဖေး ခေါင်းငြိမ့်ပြလိုက်ပြီး ကြောင်လေးကိုကောက်ယူကာ လက်ထောက်ကို ပေးလိုက်သည့်အပြင့် ကြောင်စာများပါ ထည့်ပေးလိုက်သည်။

‘’ကျေးဇူးတင်ပါတယ် အစ်မယန်...’’

လက်ထောက်က သူမလက်ထဲမှ ကြောင်နှင့်ကြောင်စာကို ယူလိုက်ရင်း ကျေးဇူးတင်စကားပြောလိုက်သည်။

‘’ရပါတယ်… ဒါနဲ့ …. သူက ရှောင်ဝမ်ပဲ… နင်သူ့ကိုတွေ့ပြီးလောက်ပြီထင်တယ်...’’

သူမ ဝမ်မင်ယီကို အပြုံးနှင့်ကြည့်ရင်းပြောလိုက်သည်။

‘’ ရှောင်ဝမ်က ကျွန်မတို့ကုမ္ပဏီရဲ့ လူသစ်ဖြစ်သလို့ ကျွန်မရဲ့ သွေးသောက်မောင်လေးပဲ… သူက ဒီမှာ အသစ်လေးဆိုတော့ ဒီလောကနဲ့ သိပ်မရင်းနှီးသေးဘူး.. တကယ်လို့များတစ်ခုခု အမှားလုပ်ခဲ့ရင် ကျွန်မ မျက်နှာကိုထောက်ပြီးတော့ အပြစ်မယူပါနဲ့… အသစ်လေးတစ်ယောက်အနေနဲ့ ခက်ခဲတဲ့အချိန်တစ်ချို့ကို ရှောင်ရခက်တယ် မဟုတ်လား…’’

လက်ထောက်မှာ မကျေနပ်သော်လည်း ယန်ဖေးဖေး မှ ထိုစကားများကို ပြောလိုက်သည့်အတွက် ခေါင်းငြိမ့်ပြီး သံယောင်လိုက်ရုံသာ တတ်နိုင်တော့သည်။

‘’ အစ်မယန်ပြောတာက ရှောင်ဝမ်က လူသစ်ဖြစ်တဲ့အတွက် ဒီလောကရဲ့ စည်းမျဉ်းတွေကို သင်ယူသင့်တယ်… အကိုရှန့်ကလဲ စိတ်သဘောထားကောင်းတဲ့အတွက် သူ့ကိုဗွေမယူပါဘူး… ဒါပေမယ့် စကားပြောဆိုဖို့မလွယ်တဲ့ သူတစ်ယောက်ယောက်နဲ့သာ တွေ့သွားမယ်ဆိုရင် ရှောင်ဝမ်ပဲ ခံစားရမှာ မဟုတ်လား…’’

‘အကိုရှန့်က စိတ်သဘောထားကောင်းတယ်တဲ့လား…’ ဝမ်မင်ယီ နှလုံးသားထဲတွင် တွေးလိုက်မိသည်။ ‘ မြတ်စွာဘုရားနောက်တကြိမ်ပြန်မွေးဖွားရင်တောင် မဖြစ်နိုင်တဲ့ ကိစ္စကြီးကိုများ ‘

ဗီလန်ဥက္ကဋ္ဌ၏ခွေးနှင့်ကြောင်အဖြစ် ပြန်လည်၀င်စားခြင်း ( BL ) ( Completed )Where stories live. Discover now