47

852 133 1
                                    

Chapter 47

ဝမ်မင်ယီ ၏ အတန်းပိုင်က သူပြန်လာသည်ကိုတွေ့သည်နှင့်  ကျောင်းသားအား သူ့ရုံးခန်းကိုသွားရန်အတွက် WeChat မက်ဆေ့ခ်ျကို အထူးတလည်ပို့လိုက်သည်။

သို့ပေမဲ့ ဝမ်မင်ယီသည် ကျောင်းလာခဲသည့်အတွက်  အတန်းပိုင်ရုံးခန်းက မည့်သည့်နေရာတွင်ရှိသည်ဆိုတာကို မသိခဲ့ပါချေ ။ အဆုံးတွင်   ကျန်းဟ့မ်က သူ့ကို ထိုနေရာကို ခေါ်သွားခဲ့၏။

“မင်းပြန်လာပြီ။ ရုပ်ရှင်ရိုက်ရတာ ခက်ခဲလား...”

မျက်မှန်ဝတ်ထားသည့်အတန်းပိုင်က ပြုံးကာမေးလေသည် ။

“အဆင်ပြေနေ တုန်းပါပဲ။” ဝမ်မင်ယီ  က သူ့ရှေ့မှာရပ်ပြီးမေးလိုက်သည်

"ဆရာ ကျွန်တော့်ကိုခေါ်တာ အကြောင်းတစ်ခုခု ရှိလို့လား  ။"

“အင်း၊ ဖိုင်နယ်စာမေးပွဲက ရက်အနည်းငယ်ကြာ ရင်ဖြေရတော့မယ်။ ဒီSemesterမှာ အတန်းမသိပ်တက်ခဲ့ဘူးဆိုတော့ မင်းလိုအပ်မယ်ထင်ရင်…”

“ကျွန်တော် ပုံမှန်အတိုင်းပဲ စာမေးပွဲဖြေမယ်” ဟု ဝမ်မင်ယီ  က ပြောလိုက်သည်။

“ကျောင်းမှာလက်ချာမလိုက်ခဲ့ပေမယ့် ကျူရှင်ဆရာကို သီးသန့်ငှားပြီး ကိုယ်တိုင်လေ့လာနေပါတယ်။ ကျွန်တော့်ရဲ့ ဖိုင်နယ်စာမေးပွဲကို ထိခိုက်မှာ မဟုတ်ပါဘူး။”

“ကောင်းပြီ။မင်းကြိုးစားကြည့်ချင်ရင်တော့ ကျောင်းကလည်းသဘောတူမှာပါ။ ပြောရမယ်ဆိုရင် မင်းရဲ့အခြေအနေက တကယ်ထူးခြားတယ်။ ဒီရက်ပိုင်းအတွင်းမှာ မင်းရဲ့အတန်းဖော်တွေဆီက မှတ်စုတွေငှားပြီး ပြန်လေ့လာလို့ရတယ် ။ မေးစရာရှိရင်  မင်းရဲ့ကျူရှင်ဆရာ ဒါမှမဟုတ်  ငါ့ကိုပဲဖြစ်ဖြစ် လာရှာလို့ရတယ်..."

“မှတ်ထားပါ့မယ်။ ကျေးဇူးတင်ပါတယ် ဆရာ။"

"စိတ်မပူပါနဲ့။  အခြားကျောင်းသားများနဲ့သွားပြီးပြန်လေ့ကျင့်လို့ရပြီ။  စာမေးပွဲမှာ ကံကောင်းပါစေကွာ"

“ဟုတ်။”

ဝမ်မင်ယီသည် ရုံးခန်းထဲက ထွက်လာခဲ့လိုက်သည်။ ကျန်းဟမ့်က အပြင်မှာသူ့ကိုစောင့်နေ၏။ သူထွက်လာတာကိုမြင်သည်တွင် ရှေ့ကိုတိုးလာပြီး ...

ဗီလန်ဥက္ကဋ္ဌ၏ခွေးနှင့်ကြောင်အဖြစ် ပြန်လည်၀င်စားခြင်း ( BL ) ( Completed )Where stories live. Discover now