95

776 109 5
                                    

Chapter 95

" ငါက မင်းအစ်ကိုဆိုတာ မင်းသိတယ်မလား ..."
သူက ဒေါသထွက်ရမည့်အစားရယ်လိုက်သည်။

ဝမ်ပေါ်က သူ၏ဒေါသကို အလိုလို ခံစားမိသွားသည့်အတွက် ပြန်ပြောလိုက်သည်။

" အစ်ကိုကြီးက ကျွန်တော့်အစ်ကိုဆိုတာ သိတာပေါ့ ..."

" ဒါဆို မင်းအစ်ကိုက ကျန်းဇီမော့လောက်တောင် အရေးမကြီးဘူးပေါ့ အဲ့လိုလား ..."
ဝမ်စုက သရော်လိုက်သည်။

" အံ့ဩစရာကြီးပဲ ဝမ်ပေါ်က ငွေနဲ့တောင် လူတွေကိုချုပ်ကိုင်တတ်လာပြီ ... ငါ့အဖေနဲ့ ငါက ဒီကုမ္ပဏီကို ကြိုးကြိုးစားစားတည်ထောင်ခဲ့ပြီး ပိုက်ဆံရှာခဲ့တာက မင်း ကျန်းဇီမော့အတွက် ဖြုန်းပေးဖို့ပေါ့ ဟုတ်လား ..."

" ဒါက မိသားစုအတွက်လည်း ကောင်းပါတယ် ... ကျွန်တော့်ရဲ့ ရင်းနှီးမြှုပ်နှံမှုက ငွေပိုရအောင်လုပ်ဖို့လေ ..."
ဝမ်ပေါ်က ခွန်းတုံ့ပြန်လိုက်သည်။

ဝမ်စု ဒေါသထွက်လာသည်။
" မင်း ပြန်ပြောရဲသေးတယ်ပေါ့ ... မင်းအခုဘယ်မှာလဲ ငါ့ဆီ ချက်ချင်းပြန်လာခဲ့ ..."

ဝမ်ပေါ်က စောစောမပြန်ချင်သေးသဖြင့် သူနှင့် ညှိနှိုင်းလိုက်သည်။
" ကျွန်တော် ညနေမှ ပြန်လာမယ်လေ ..."

" ငါ အခုပြန်လာလို့ ပြောနေတယ်နော် ဝမ်ပေါ် ... မင်းတစ်နာရီအတွင်း ငါ့ရှေ့ရောက်မလာရင် ဒီရုပ်ရှင်အတွက် ရင်းနှီးမြှုပ်နှံမှုကို ချက်ချင်းဖျက်သိမ်းပစ်မယ် ..."

ဝမ်ပေါ် ချက်ချင်းပင် သူ့အစ်ကိုကို ချွေးသိပ်လိုက်သည်။

" အိုကေ အိုကေ ... ကျွန်တော်အခုပဲ ပြန်လာပါ့မယ် ... ဒါပေမဲ့ တစ်နာရီတည်းနဲ့တော့ မရဘူး ကျွန်တော်က အခုမြို့ပြင်မှာ ... လေယာဉ်စီးဖို့ တစ်‌နာရီကျော်ကြာဦးမယ် ..."

ဝမ်စု နာရီကိုကြည့်လိုက်သည်။
" အခု ဆယ်နာရီနော် ... နေ့ခင်း နှစ်နာရီမတိုင်ခင် မင်းကိုအိမ်မှာမတွေ့ရရင် အိမ်ကိုပြန်လာစရာမလိုတော့ဘူး ..."

ဝမ်စု ပြောပြီးသည်နှင့် ဖုန်းချလိုက်သည်။

ဘေးတွင်ရပ်နေသော လက်ထောက်က သူ့ကိုတီးတိုးပြောလိုက်သည်။
" ဖျင်ရှန့်လုပ်ငန်းစုက တာဝန်ရှိသူတစ်ယောက်က ကျွန်တော့်ကို ဆက်သွယ်ပါတယ် ... ဒီတစ်ကြိမ် မစ္စတာစစ်တို့နဲ့ စာချုပ်လက်မှတ်ထိုးမှာဆိုတော့ နောက်တစ်ကြိမ်မှ ပူးပေါင်းပါတော့မယ်လို့ ပြောပါတယ် ..."

ဗီလန်ဥက္ကဋ္ဌ၏ခွေးနှင့်ကြောင်အဖြစ် ပြန်လည်၀င်စားခြင်း ( BL ) ( Completed )Where stories live. Discover now