Extra 3

751 99 2
                                    

Chapter 117
(Extar 3)

ဝမ်မင်ယီ၏ "Flower World"သည် အလွန်နောက်ကျပြီးမှ ပြသလာခဲ့ပြီး အောက်တိုဘာလအထိ မထုတ်လွှင့်ခဲ့သေးဘဲ 11th gear၏ အချိန်ဇယားနှင့်ပင် တိုက်ဆိုင်သွားသေးသည်။ ဝမ်မင်ယီက သူ၏စာသင်ချိန်ပြီးသည်နှင့် သူ့အလုပ်ကိုဆက်လုပ်ကာ ကျိုးဝမ်ယွီ၏နောက်လိုက်ကာ နယ်လှည့်ကြော်ငြာရေးဆင်းလေသည်။

ဇာတ်ကားအကြိုပြသချိန်တွင် သူကစတိတ်စင်အောက်တွင်ထိုင်ပြီး စခရင်ပေါ်ရှိသူ့ကိုသူပြန်ကြည့်ကာ အစစ်အမှန်မဟုတ်သလို ခံစားနေရသည်။

တရုတ်ပြည်၏ထိပ်တန်းဒါရိုက်တာများထဲမှတစ်ယောက်ဖြစ်သော ကျိုးဝမ်ယွီ၏မျက်လုံးများက ဇာတ်ကားကိုသာအာရုံစိုက်ထားသည်။ သူ့အပိုင်းသူအာရုံစိုက်သလို သရုပ်ဆောင်များ၏အပိုင်းကိုလည်း အာရုံစိုက်လေသည်။

"ဒါရိုက်တာကျောက်.... ဒီတစ်ကြိမ် အဓိကဇာတ်ဆောင်အဖြစ် ဝမ်မင်ယီကို ဘာလို့ရွေးလိုက်ရတာလဲ...."

"ဒါရိုက်တာကျောက် ဝမ်မင်ယီရဲ့သရုပ်ဆောင်မှုနဲ့ပတ်သတ်ပြီး ကျေနပ်ရဲ့လား... ရိုက်ကူးနေတုန်းမှာ ပြဿနာရှိခဲ့သေးလား...."

"ဒါရိုက်တာကျောက် နောက်တစ်ကြိမ် ဘယ်လိုဇာတ်ကားမျိုးရိုက်ဖို့ အစီအစဉ်ရှိလဲ...."

"ဒါရိုက်တာကျောက် box officeအတွက် လိုအပ်ချက်တစ်ခုခုရှိလား... ဒီဇာတ်ကားအတွက် box officeဘယ်လောက်ရမယ်လို့ မျှော်လင့်ထားလဲ...."

ကျောက်ဝမ်ယွီမှာ မေးခွန်းအများစုကိုစိတ်မဝင်စားပေ။ သူကဝမ်မင်ယီအကြောင်း မေးခွန်းများကိုသာ စိတ်ဝင်စား၍ ဝမ်မင်ယီနှင့် ပတ်သတ်သည်များကိုသာ ဖြေပေးလေသည်။

"ကျွန်တော်ဝမ်မင်ယီကိုရွေးတာ သူ့ကိုအရမ်းသဘောကျလို့ပါ... ဝမ်မင်ယီက အရမ်းတော်တဲ့ သရုပ်ဆောင်ငယ်လေးတစ်ယောက်လေ.. ပြီးတော့ သူကလူထုအမြင်မှာ ပုံရိပ်ကောင်းလည်းရှိတယ်... သရုပ်ဆောင်လည်းကောင်းတယ်... ဂုဏ်သတင်းလည်းကောင်းတယ်... အဲ့ဒါတွေက မျက်နှာသစ် သရုပ်ဆောင်မျိုးဆက်ကို ကောင်းကောင်း ကိုယ်စားပြုနိုင်နေတာတွေပဲ... ရုပ်ရှင်နယ်ပယ်မှာ သွေးသစ်လေးတွေလိုအပ်တယ်... သက်ကြီးပိုင်း မျိုးဆက်သရုပ်ဆောင်တွေနဲ့ ဒါရိုက်တာတွေက အသက်ကြီးလာကြမှာပဲ... ဒါကြောင့် ဒီနယ်ပယ်ကြီးကို ပိုမိုကျယ်ပြန့်စေဖို့အတွက် မျိုးဆက်သစ် သွေးသစ်တွေကို လိုအပ်တယ်... ဝမ်မင်ယီက တကယ်ကောင်းတဲ့မျိုးဆက်သစ်လေးမလို့ သူ့ကို ကျွန်တော့်ဇာတ်ကားအတွက် ရွေးခဲ့တာပါ.. အခြား သရုပ်ဆောင်ငယ်လေးတွေလည်း အလုပ်ကြိုးစားပြီး ကောင်းကောင်းသရုပ်ဆောင်နိုင်ကြဖို့ မျှော်လင့်မိတယ်...."

ဗီလန်ဥက္ကဋ္ဌ၏ခွေးနှင့်ကြောင်အဖြစ် ပြန်လည်၀င်စားခြင်း ( BL ) ( Completed )Where stories live. Discover now