4

1.1K 162 0
                                    


စစ်ကျွင်းတောက် ရုံးကိုရောက်တာနဲ့ သူ့ရဲ့လက်ထောက်က ဖုန်းထဲမှာပြောခဲ့သည့်အကြောင်းကိုလာပြီး မှတ်တမ်းတင်ပြခဲ့သည်။

စစ်ကျွင်းတောက်က ခောင်းညိတ်လိုက်ပြီး တဆက်တည်း ဝမ်မင်ယီ ကိုပြောလိုက်သည်။

"လင်းမူ နောက်ကိုလိုက်ပြီး အစ်ကို့ရုံးခန်းထဲမှာ စောင့်နေလိုက်...အစ်ကို ဒီကိစ္စပြီးတာနဲ့မင်းဆီကို လာခဲ့မယ်..."

သူပြောပြီးတာနဲ့ သူမရှိခင်ဝမ်မင်ယီ ကြောင်အဖြစ် ပြောင်းမည်စိုးသောကြောင့် ထည့်ပြောလိုက်သည်။

"ဘာကိစ္စပဲဖြစ်ဖြစ်အစ်ကို့ရဲ့ ရုံးခန်းထဲမှာပဲစောင့်နေ အစ်ကိုမြန်မြန်ပြန်လာခဲ့ မယ်..."

ဝမ်မင်ယီ : "စိတ်မပူပါနဲ့ကျွန်တော်ကလေး
မဟုတ်တော့ပါဘူး..ဘာလုပ်ရမလဲဆိုတာသိပါတယ်..."

စစ်ကျွင်းတောက်  သူ့ရဲ့ အာမခံချက်ကနည်းနည်းလေးတောင် ယုံချင်စရာမကောင်းဘူးဟု ခံစားရသည်။

သူ သူ့ရဲ့လက်ထောက်ကိုကြည့်ပြီး ပြောလိုက်သည်။

"သူ့ကို ငါ့ရုံးခန်းကို ခေါ်သွားလိုက်။တစ်ခြားဘယ်သူမှ အဝင်မခံနဲ့...."

"ဟုတ်ကဲ့"

လင်းမူ ပြန်ဖြေကာအမိန့်ကိုနာခံလိုက်သည်။

သူမဝမ်မင်ယီ ရဲ့ဘေးကိုသွားပြီး ညင်သာစွာဖြင့် ပြောလိုက်သည်။

"ဒီလမ်းကသွားပါ..."

ဝမ်မင်ယီ ရွေးချယ်စရာမရှိသည့်နောက်
သူမနောက်ကလိုက်ကာလမ်းလျှောက်ရင်း
ပတ်ဝန်းကျင်ကို သေချာကြည့်ရှုလိုက်သည်။သူအရင်က စစ်ကျွင်းတောက် ရဲ့ ကုမ္ပဏီကို တစ်ခါမှမလာခဲ့ဖူးပေ။
ဒါက ပထမဦးဆုံးအကြိမ်မို့သူအရာအားလုံးကို စူးစမ်းနေခဲ့သည်။
ရုံးခန်းကိုရောက်တာနဲ့ သူတန်းပြီးတော့ ဆိုဖာပေါ်မှာသဘာဝကျကျနဲ့ထိုင်လိုက်သည်။

သူအခန်းအတွင်းအပြင်အဆင်တွေကို ကြည့်ရင်း သူ့ကိုကိုက တကယ်ကို အနုပညာဆန်တဲ့ပုံစံတွေကို ကြိုက်တာပဲဟု တွေးလိုက်မိသည်။

"ဘာများ သောက်ချင်ပါသလဲ...ရှင့်"
လင်းမူ မေးလိုက်သည်။

"နို့လက်ဖက်ရည်လေး...တော်ပါပြီကိုလာ အေးအေးလေးဆို ရပါပြီ..."

ဗီလန်ဥက္ကဋ္ဌ၏ခွေးနှင့်ကြောင်အဖြစ် ပြန်လည်၀င်စားခြင်း ( BL ) ( Completed )Where stories live. Discover now