80

853 125 0
                                    

Chapter 80

အန်တီကျန်း သည် နွေဦးပွဲတော်အားလပ်ရက်အပြီးတွင် သူမ၏အလုပ်ကို ပြန်စလုပ်ရန် စစ်အိမ်တော်သို့ တစ်ဖန်ပြန်လာခဲ့သည်။

ဝမ်မင်ယီ  နှင့်ဝမ်ဝေ့ အိမ်ပြန်ရောက်သောအခါ သူမက မီးဖိုချောင်တွင် ချက်ပြုတ်နေလေသည်။  ဝမ်ဝေ့
  သူမဘာသာ ချက်ပြုတ်ရန် ပျင်းရိနေမိသဖြင့် စစ်အိမ်တော်မှာ ညစာစားဖို့ ဆုံးဖြတ်လိုက်၏။ဝမ်မင်ယီကတော့ စစ်ကျွင်းတောက်ကိုရှာဖို့ အပေါ်ထပ်ကို တန်းတန်းမတ်တတ်တက်သွားလေသည်။

စစ်ကျွင်းတောက်သည် စာကြည့်ခန်းထဲတွင် လုပ်ငန်းသဘောတူစာချုပ်ကိုဖတ်နေခြင်းဖြစ်ပြီး တစ်ဝက်လောက်အရောက်တွင် ဝမ်မင်ယီ  တံခါးဖွင့်ပြီး ဝင်လာသည်ကို တွေ့လိုက်ရသည်။

"ကျွန်တော်ပြန်လာပြီ"
စစ်ကျွင်းတောက်က မျက်လုံးတွေကိုပင့်လိုက်ပြီး   သူ့ကိုတစ်ချက်ကြည့်လာ၏။

ဝမ်မင်ယီ  ခေါင်းညိတ်ပြလိုက်ပြီး သူဆီလျှောက်သွားကာ မေးလိုက်သည်။

  "ကောမားကို ကျွန်တော်မဂ္ဂဇင်းသွားရိုက်တဲ့အကြောင်းပြောလိုက်တာလား"

"သူက မင်းနဲ့ ချန်လုကို ဓာတ်ပုံရိုက်ပြီး ချန်လု ကဘယ်သူလဲလို့လာမေးတာ... ငါသူ့ကို မဖြေလိုက်ပါဘူး... သူ့ဘာသာသူ စုံစမ်းကြည့်တာပဲနေမယ်...သူသိသွားတာနဲ့ ဒီနေ့ မင်းဘာတွေလုပ်နေလဲလို့ငါ့ကိုလာမေးရော... ငါလည်းအမှန်တိုင်းပြောလိုက်တယ်"

"ဒီလိုကိုး "

ဝမ်မင်ယီ   သူ့ဘေးနားက ကုလားထိုင်ပေါ်တွင် ထိုင်ချလိုက်ပြီး
"ကော မသိဘူးနော် ...ဝိုး....သူက ဒီနေ့ ပွဲ အကြီးကြီးလုပ်ခဲ့တာ...ကျွန်တော် တို့သွားတုန်းက အယ်ဒီတာချုပ်က တစ်ခုခုဖြစ်နေလို့ အဲ့မှာရှိမနေဘူး...သူရောက်လာတာနဲ့ အယ်ဒီတာချုပ်က တန်းရောက်လာပြီး အကုန်လုံးကိုလိုက်လုပ်ပေးတော့တာပဲ...အစက ကျွန်တော်ရိုက်ရမှာက အတွင်းစာမျက်နှာအတွက်တင်... သူဓာတ်ပုံရိုက်ပေးပြီးတာနဲ့  တိုက်ရိုက်ကိုကာဗာထိအဆင့်မြင့်ပလိုက်တာ"

"အဲဒါ မကောင်းဘူးလား..."

"ကောင်းတော့ကောင်းတာပေါ့ ...နည်းနည်းတော့ရှက်စရာကောင်းတယ် ...စွမ်းအားကြီးသလိုဟန်ဆောင်နေတယ်လို့ခံစားရတယ်"

ဗီလန်ဥက္ကဋ္ဌ၏ခွေးနှင့်ကြောင်အဖြစ် ပြန်လည်၀င်စားခြင်း ( BL ) ( Completed )Where stories live. Discover now