14

967 138 0
                                    


ညနေန ၅နာရီခွဲတွင် စစ်ကျွင်းတောက်က ဝမ်မင်ယီကို အိမ်သို့ ပြန်လိုက်ပို့ပြီး ညစာတူတူစားခဲ့ကြသည်။ အဝတ်အစားလဲပြီးနောက် အချိန်နီးလာသည့်အခါ ကတိပေးထားသည့်အတိုင်း သီးသန့်ရုပ်ရှင်ရုံသို့ သွားကြသည်။

ဤသီးသန့်ရုပ်ရှင်ရုံကို စစ်ကျွင်းတောက်၏ ကျောင်းနေဘက်သူငယ်ချင်းတစ်ယောက် ဖွင့်ထားခြင်းဖြစ်သည်။ ထိုနှစ်ယောက်က စုံတွဲဖြစ်သည်။ မိန်းကလေး၏ နာမည်က ချန်ယိဖြစ်ပြီး ကောင်လေးက ဝမ်ရှန့်ဖြစ်သည်။ ထို့ကြောင့် ရုပ်ရှင်ရုံ၏နာမည်က ယိရှန့်ဖြစ်နေခြင်းပင်။ ထိုနေရာသို့ ရောက်သည့်အခါကားပါကင်ထိုးပြီးတောက် ကိုးနာရီမထိုးသေးသဖြင့် ကားပေါ်မှဆင်းရန် အလျင်မလိုတော့ပေ။

အချိန်တရွေ့ရွေ့ကုန်ဆုံးပြီး ၉နာရီသို့ နီးကပ်လာချိနခတွင် စစ်ကျွင်းတောက်က မည်ကဲ့သို့ ကြောင်ဖြစ်သွားသည်ကို သိလို၍ ဝမ်မင်ယီထံမှ မကြည့်မခွာတော့ပေ။  ခဏအကြာတွင် ခရီးသည်နေရာ၌ ထိုင်နေသော သူ၏ညီငယ်လေးမှာ တစ်စက္ကန့်အတွင်းမှာပင် ရင်းနှီးနေသည့် လိမ္မော်ရောင် ကြောင်လေးတစ်ကောင်ဖြစ်သွားသည်။

ကြောက်ပေါက်လေးက သူ့ကိုကြည့်ကာ ခေါင်းကိုစောင့်ငဲ့ထားပြီး တမြောင်မြောင်အော်နေသည်။ ၎င်း၏ ပုယင်းရောင်မျက်လုံးများက ကြည်လင်တောက်ပနေသည်။

သူတို့နှစ်ယောက်ကြားတွင် ပျောက်ကွယ်နေသည့် ချိတ်ဆက်မှုတစ်ခု ရှိနေသည်ဟု စစ်ကျွင်းတောက် အမြဲတမ်း တွေးခဲ့မိသည်။ ထိုအကြောင်းကို မတွေးတော့ပဲ လိမ္မော်ရောင်ကြောင်လေးကို ရင်ခွင်ထဲထည့်ကာ ကားထဲမှ ထွက်လာသည်။

ဝမ်မင်ယီ သူ၏ရင်ခွင်ထဲတွင် သက်တောင့်သက်သာဖြစ်မည့်နေရာကို ရှာဖွေ‌နေသည်။ ကြောင်ခေါင်းလေးက စစ်ကျွင်းတောက်ရင်အုပ်ကို ပွတ်သပ်နေသည့်အခါ စစ်ကျွင်းတောက်က သူ၏ခေါင်းလေးကို ပွတ်သပ်ပေးလိုက်သည်။ ဝမ်မင်ယီအမြှီးကိုမြှောက်ပြီး သူ၏လက်မောင်းကို ပွတ်သပ်နေပြန်သည်။

စသ်ကျွင်းတောက် ကြောင်တစ်ကောင်ကို ခေါ်ယူလာသည်ကို ဝမ်ရှန့်တွေ့သည့်အခါ အမြင်မှားသည်ဟု ထင်သွားမိသည်။ သို့သော် သေချာကြည့်သောအခါ အမှန်ပင် ကြောင်တစ်ကောင်ဖြစ်နေသည်။

ဗီလန်ဥက္ကဋ္ဌ၏ခွေးနှင့်ကြောင်အဖြစ် ပြန်လည်၀င်စားခြင်း ( BL ) ( Completed )Where stories live. Discover now