88

807 107 0
                                    

Chapter 88

ဤသည်ကား  အလွန်ကောင်းသည့် ဖြစ်စဉ်တစ်ခုပင်။ ချန်လု  အတော်လေး ကျေနပ်သွားသည်။TVဇာတ်လမ်းတွဲ ထုတ်လွှင့်မှုနှင့်အတူ  သူ့ရဲ့ရေပန်းစားမှုကို ဆက်လက်ထိန်းသိမ်းထားနိုင်ရန် သူမက သူ့ကို hot search များဝယ်၍ ကူညီပေးခဲ့ပြီး ဖန်အသစ်များကို ဆက်ပြီး ဆွဲဆောင်နိုင်စေခဲ့သည်။

ဝမ်မင်ယီသည် သဘာဝအတိုင်း ဤအရာများအတွက် စိတ်ပူစရာမလိုခဲ့ချေ။ သူတွင် အမြဲလိုလို စိတ်ပူစရာတွေ များစွာ မရှိသည်ပင်။ ထို့အပြင် ဤရက်အနည်းငယ်သည် သူ့အတွက် အထူးရက်များဖြစ်လေသည်။ ဖန်ရခြင်းမရခြင်း၊နာမည်ကြီးခြင်းမကြီးခြင်းနှင့်ယှဉ်လျှင်   ဝမ်မင်ယီသည် ယခုလက်ရှိ  ကျန်းဇီမော့ ဘာလုပ်နေလဲဆိုသည်ကို သာ၍ပူပန်နေ၏။ ကျန်းဇီမော့ကို သူမတွေ့ရတာကြာပြီဖြစ်သည်။ ကျန်းဇီမော့ ဘာတွေလုပ်နေလဲ သူသိချင်၏။ ကျန်းဇီမော့ကို လက်တုံ့ပြန်နိုင်မလားဆိုတာကိုလည်း သူသိချင်နေပါ၏။ ဇာတ်လိုက်ဖြစ်တဲ့ ကျန်းဇီမော့ကို လက်တုံ့ပြန်မယ်ဆိုရင် သူရောထိခိုက်မှာလား...

ဝမ်မင်ယီ  မသိပါချေ၊ သူ့အရင်ဘဝတုန်းက ဒီအချိန်မှာ  သူသေသွားတာကိုပဲ သူသိလေသည်။

"Pet Romance" ကို ထုတ်လွှင့်ပြီး မကြာမီ၊နောက်semesterစပြီးမကြာမီ၊ သူအဖွဲ့မှ အနားယူပြီး မကြာမီမှာပင် ကျန်းဇီမော့  နှင့် အငြင်းပွားမှုအတွင်း မတော်တဆ သေဆုံးသွားခဲ့သည်။

အခုတလော နေ့ရက်များသည် အလွန်ပင် ကြည်နူးစရာ ကောင်းလှ၏။ "Pet Romance" ထုတ်လွှင့်မှုကြောင့်သာ မဟုတ်ခဲ့လျှင် သူထိုဟာကို မေ့နေလောက်ပြီ ဖြစ်သည်။ ဤသည်က သူ့ဘဝအသစ်တစ်ဖန်ပြန်စလာခြင်းဖြစ်ပြီး သူကြုံတွေ့ခဲ့ရသည့် ပထမဆုံးဘဝမဟုတ်သည်ကိုပင်။

ဝမ်မင်ယီ  သက်ပြင်းချလိုက်၏။ သူက သူ့ကိုယ်သူ လက်စားချေချင်သော်လည်း ကျန်းဇီမော့နှင့်ဝမ်ပေါ်ကို လက်စားချေခြင်းက သူနဲ့စစ်ကျွင်းတောက်အား မထိခိုက်ဘူးဆိုသည်ကို  သေချာဖို့လိုလေသည်။မဟုတ်ရင်  သူကတော့ သေသွားပြီ၊ ဒါပေမဲ့ ကျန်းဇီမော့က  အသက်ရှင်နေသေးတယ်၊
ဘယ်လောက်သနားစရာကောင်းလိုက်လဲလို့!

ဗီလန်ဥက္ကဋ္ဌ၏ခွေးနှင့်ကြောင်အဖြစ် ပြန်လည်၀င်စားခြင်း ( BL ) ( Completed )Where stories live. Discover now