Extra 8

721 97 0
                                    

Chapter 122
(Extra 8)

နောက်တစ်နေ့မနက်တွင် ကင်မရာများပြန်ပွင့်လာသည်။

ဝမ်မင်ယီက ကင်မရာမှတဆင့် နှုတ်ခွန်းဆက်သလိုက်ပြီး အိတ်ကိုသယ်ကာ အောက်ဆင်းရန်ပြင်လေသည်။

ပရိတ်သတ်များမှာ စိတ်ဓာတ်များပင် ကျသွားကြသည်။
[မင်မင်အိပ်နေတာရော နိုးလာတာရောမမြင်ရဘူး... ငါ့ဘဝလေးက ခက်ခဲလှပါတယ်...]

[ဟုတ်ပါ့ ဟုတ်ပါ့... ငါ့ကောကောနဲ့တိတိက တစ်ကုတည်းအတူအိပ်ကြတာမလား... ပရိုဂရမ်ကို TVမှာလွှင့်ရင် အဲ့အခန်းလေးထည့်ပေးကြပါနော်...]

[ကျေးဇူးပြုပြီးထည့်ပေးပါ VIPဝင်ဆိုဝင်ပါ့မယ်....]

[VVIPဝင်ဆိုလည်းဝင်မယ်... ငါပိုက်ဆံတွေအများကြီးသုံးမှာပါ...]

လူတိုင်းငိုကြွေးနေချိန်တွင် ဝမ်မင်ယီနှင့်စစ်ကျွင်းတောက်တို့က အခြားသူများနှင့် မနက်စာစားပြီး တောင်တက်ရန်ထွက်သွားလေတော့သည်။

တောင်တက်ရခြင်းမှာ ကိုယ်ကာယပိုင်းဆိုင်ရာ အလုပ်ဖြစ်သည်။ ကံကောင်းစွာဖြင့် ဤနေရာရှိတောင်မှာ ကြမ်းတမ်းခြင်းမရှိပဲ ကိုယ်ကာယအားထုတ်မှုမှလွဲ၍ အခြားအရာများကို စိတ်ပူရန်မလိုပေ။

ဝမ်မင်ယီနှင့်စစ်ကျွင်းတောက်တို့က စကားတပြောပြောနှင့် ရှေ့ဆုံးမှသွားကြသည်။ စုန့်ဟယ်နှင့် ကျန်းဖုန်းတို့ကလည်း သူတို့နှင့်အတူ တစ်ခွန်းစနှစ်ခွန်းစဝင်ပြောကြသည်။ များသောအားဖြင့် အချင်းချင်းပြောနေသည်သာဖြစ်သည်။

တောင်ပေါ်တက်ရန် တစ်ရက်ခွဲကြာလေသည်။ ညနေခင်းတွင် ပရိုဂရမ်အဖွဲ့ကတဲထိုးကာ နားရန်ပြောလေသည်။

စစ်ကျွင်းတောက်နှင့် ကျန်းဖုန်းနှင့်အတူ တဲထိုးသော်လည်း ဝမ်မင်ယီမှာ ဘာမှမလုပ်တတ်ပေ။

ကျန်းဖုန်းကရယ်လေသည်။
"မင်းပဲ လေလုံးထွားထားတာလေ အခုကြတော့ မလုပ်တတ်တော့ဘူးလား...."

"ငါ့ကော လုပ်လိမ့်မယ်...."
ဝမ်မင်ယီကဂရုမစိုက်ပေ။

"ငါ့ကော ကတော်တယ်လေ..."

"မင်းက မင်းကိုကိုနဲ့တစ်သက်လုံးနေမှာမလို့လား...."
ကျန်းဖုန်းကသရော်လိုက်သည်။

ဗီလန်ဥက္ကဋ္ဌ၏ခွေးနှင့်ကြောင်အဖြစ် ပြန်လည်၀င်စားခြင်း ( BL ) ( Completed )Where stories live. Discover now