81

822 119 9
                                    

Chapter 81

"ဘာဖြစ်တာလဲ...မင်မင်နိုးလာတာလား"

အန်တီကျန်း မီးချောင်ထဲက ထွက်လာမလို့ လုပ်ရင်းပြောလိုက်သည်။

ဝမ်မင်ယီ အလန့်တကြားဖြစ်သွားသည်။ အန်တီကျန်းရှိနေသည်ကို လုံးလုံးမေ့သွားခဲ့ခြင်းဖြစ်လေသည်။  သူ၏ခွေးနားရွက်များကို လက်နှစ်ဖက်နဲ့ အုပ်ပြီး တုန်တုန်ယင်ယင်ဖြင့် နောက်ပြန်ဆုတ်သွား၏။

စစ်ကျွင်းတောက်  သူ၏ လုပ်ရပ်ကြောင့် အူတက်အောင်ရယ်မိနေပြီး အသံမထွက်နိုင်အောင်ဖြစ်သွား၏။ လှေကားပေါ်မှ ဝမ်မင်ယီ ပျောက်ကွယ်သွားသည်ကို ကြည့်နေပြီးမှ မီးဖိုခန်းထဲသို့ လှမ်းဝင်ကာ အန်တီကျန်းအား ပြန်သွားစေရန်ဖြောင့်ဖြလိုက်သည်။

"အန်တီကျန်း... မင်မင်အတွက် မနက်စာပူပူနွေးနွေးဖြစ်အောင်လုပ်ထားပေးပါဦး...ကျွန်တော်သူ့ကို့အဝတ်အစားလဲထားခိုင်းလိုက်မယ်"

"ကောင်းပါပြီ "
အန်တီကျန်းက ပြန်ဖြေ၏။

စစ်ကျွင်းတောက်   မီးဖိုချောင်တံခါးကို ပိတ်ပြီး အပြင်ထွက်လာခဲ့သည်။

ဝမ်မင်ယီက  အိပ်ခန်းထဲမှာ အဝတ်အစားလဲနေလေ၏။ စစ်ကျွင်းတောက်  တံခါးဖွင့်၍ ဝင်လိုက်သည်နှင့် အဝတ်အစားချွတ်နေသည့် သူ၏ ကျောပြင်ဖွေးဖွေးကို မြင်လိုက်ရပြီး  သူတံခါးကို ချက်ချင်းပိတ်လိုက်လေသည်။

ဝမ်မင်ယီ   အသံကြားရသဖြင့် ခေါင်းကို လှည့်လိုက်ပြီး ဆွယ်တာပါးပါးတစ်ထည် ဝတ်နေရင်း “ဘယ်သူလဲ” ဟု မေးလိုက်၏။

"ငါ"
စစ်ကျွင်းတောက်က ပြန်ဖြေလိုက်သည်။

ဝမ်မင်ယီ   ဆွယ်တာအင်္ကျီဝတ်ပြီး  တံခါးကိုဖွင့်လိုက်သည်။  တံခါးအပြင်ဘက်ရှိ  စစ်ကျွင်းတောက်ကိုကြည့်နေရင်း စိတ်ရှုပ်ထွေးစွာဖြင့် မျက်မှောင်ကြုတ်ကာ

"ကောဝင်မှာဆိုဝင်လေ ...ဘာလို့ခိုးကြောင်ခိုးဝှက်လုပ်နေတာလဲ"

စစ်ကျွင်းတောက် : ...

ဝမ်မင်ယီ သူ့ကိုအထဲဆွဲခေါ်လိုက်သည်။

စစ်ကျွင်းတောက်က သူ့ကိုရှင်းပြလာ၏။
  "မင်းအဝတ်အစားလဲနေမယ်လို့... ငါမထင်ထားမိဘူး"

ဗီလန်ဥက္ကဋ္ဌ၏ခွေးနှင့်ကြောင်အဖြစ် ပြန်လည်၀င်စားခြင်း ( BL ) ( Completed )Where stories live. Discover now