48

886 127 1
                                    

Chapter 48

  F Cityတွင် Auditionဖြေရန်  ချန်လုနှင့်အတူလေယာဉ်ဖြင့်သွားမည်ဟုပြောနေသည်ကို စစ်ကျွင်းတောက်  ကြားသည့်အခါ သူ၏လက်များသည်အလုပ်လုပ်နေရာမှ   အလိုလို ရပ်တန့်သွားခဲ့၏။

"မင်းနဲ့ ချန်လုနှစ်ယောက်တည်းအဆင်ပြေနိုင်ပါ့မ လား"

“ဘာမှ စိတ်မပူပါနဲ့။” ဝမ်မင်ယီက သူ့ကိုဖြောင့်ဖြရန်  ကြိုးစားလိုက်သည်။

“ကီးဘုတ်ကိုကျွန်တော် ယူသွားမှာပါ။ ခွေးတို့ကြောင်တို့ ဖြစ်သွားရင်တောင် ချန်ကျဲကိုမက်ဆေ့ခ်ျကနေတစ်ဆင့်  ဆက်သွယ်လို့ရတယ်၊ ဘာမှဖြစ်မှာမဟုတ်ဘူး။”

စစ်ကျွင်းတောက်က စိတ်ပူနေဆဲပင်။

"ငါ မင်းနဲ့လိုက်ခဲ့မယ်..."
ထိုစကားပြောပြီးသည်နှင့် ချန်လုကို  သူ့အတွက်ပါ လေယာဉ်လက်မှတ်ကြိုတင်မှာခိုင်းလိုက်သည်။

ချန်လုသည်   စစ်ကျွင်းတောက်, ဝမ်မင်ယီ ကို အလွန်ပင်သံယောဇဉ်ရှိကြောင်း သိနေခဲ့ပြီးဖြစ်ကာ တစ်ခါတစ်ရံတွင် ဝမ်မင်ယီကိုအလိုလိုက် တတ်မှန်းသိသော်လည်း ဤအတိုင်းအတာအထိ အလိုလိုက်လိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။ ဝမ်မင်ယီသည် ဆယ့်ရှစ်နှစ်သားဖြစ်သည် ၊ ရှစ်နှစ်သားမဟုတ်ပေ။သူ့ကိုယ်သူ စီမံတတ်သည့်အရွယ်ရောက်နေလေ ပြီ။ ထို့အပြင် သူမလည်းသူနှင့်အတူ လိုက်သွားမည်ဖြစ်သည်။ ထိုသို့သွားရမည့်အချိန်မှာ နှစ်ရက်မျှပင်မရှိချေ –စစ်ကျွင်းတောက်ကိုပါ အဲဒီကိုအတူလိုက်ခိုင်းဖို့လိုအပ်လို့  လား..။

သူမသည် စစ်ကျွင်းတောက်ကို ပို၍ပင်ဖြောင့်ဖြ ခဲ့သော်လည်း စစ်ကျွင်းတောက်ကခေါင်းမာနေ ခဲ့သည်။ ချန်လု သည် သူ့အတွက် လေယာဉ်လက်မှတ်ကို ကြိုတင်မှာယူရန်မှတပါး အခြား
ရွေးချယ်စရာမရှိခဲ့ပေ။

ဝမ်မင်ယီ က စစ်ကျွင်းတောက် ကို ကြည့်ပြီး မေးစမ်းကြည့်လိုက်သည်  "ကျွန်တော် audition အောင်ရင် ဆိုက်ထဲမှာ သွားရိုက်ရမှာ။ သဘောတူမှာလား။"

"ဒါပေါ့ သဘောတူမှာပေါ့ " ဟု စစ်ကျွင်းတောက်  က ဖြေသည်။ "ဒါပေမယ့် ငါပါ မင်းနဲ့လိုက်ခဲ့မယ်"
(ခြီ)

ဗီလန်ဥက္ကဋ္ဌ၏ခွေးနှင့်ကြောင်အဖြစ် ပြန်လည်၀င်စားခြင်း ( BL ) ( Completed )Where stories live. Discover now