57

830 124 0
                                    

Chapter 57

"မင်းငါ့ကိုဘာလို့ အဲလိုကြီးကြည့်နေတာလဲ"

စစ်ကျွင်းတောက်ကမေးလိုက်သည်။

"မင်းပဲ ဟက်စကီးကိုလည်းဖက်ပေးရမယ်လို့ ပြောခဲ့တာမဟုတ်ဘူးလား..."

ငါပြောခဲ့တာဟုတ်တယ်။ ဒါပေမယ့် မင်းရဲ့စံသတ်မှတ်ချက်သုံးခုက အရမ်းတင်းကြပ်တယ်မဟုတ်ဘူးလား။
ဝမ်မင်ယီ သူ့ကိုလန့်လာပြီဖြစ်သည်။

ကြည့်ရတာ သူ့ကောက ဒီအချိန်မှာ သူ့အတွက်တကယ်ကို ထိတ်လန့်သွားပုံပဲ။

စစ်ကျွင်းတောက်က ကုတင်ပေါ်မှ ကီးဘုတ်များကို ကြည့်ကာ  ဒီတစ်ကြိမ်တော့ သူလွတ်မြောက်ဖို့မလွယ်ဟုခန့်မှန်းမိသည်။ မဟုတ်လျှင် သူ ဤကီးဘုတ်များကို ဂရုစိုက်လိမ့်မည်မဟုတ်။

"ဘာဖြစ်တာလဲ" 

သူ နောက်ဆုံးတွင်  ဇာတ်လမ်းတစ်ခုလုံးကို နားလည်သဘောပေါက်သွားခဲ့သည်။ 

"ရွာထဲမှာ ရိုက်ကူးရေးရှိတာမဟုတ်ဘူးလား၊ အဲဒါဆို ဘာလို့ ငလျင်လှုပ်တုန်းက မင်းအဲဒီ့နေရာမှာ ရှိမနေခဲ့တာလဲ၊ ငါထွက်သွားပြီးတော့ ဘာတွေဖြစ်ခဲ့တာလဲ"

ဝမ်မင်ယီ ဖြစ်ပျက်ခဲ့မျှကို ရေးပြရန် ကီးဘုတ်ကို အသုံးပြုခဲ့ရသည်။

စစ်ကျွင်းတောက်က ထိုအရာကိုကြည့်ရင်း ကြောက်ရွံ့လာမိသည်။ ဝမ်မင်ယီသာ ခွေးအဖြစ်မပြောင်းနိုင်ခဲ့ရင်၊ ခွေးတွေရဲ့စကားကိုသာ နားမလည်ခဲ့ရင်၊ သူတွေးပင်တွေးမကြည့်ရဲပါ။

ထိုဖြစ်နိုင်ခြေကို သူတွေးမိရုံဖြင့် စစ်ကျွင်းတောက်မှာ ရင်ထဲတင်းကြပ်လာသလို ခံစားလိုက်ရသည်။

သူ၏မသိစိတ်က ဘေးနားရှိ ဟက်စကီးလေးကို ပွေ့ဖက်လိုက်ပြီး သူ့ကိုမှီနေစေလိုက်သည်။  စစ်ကျွင်းတောက် သူ့စိတ်ကို တည်ငြိမ်အောင် လုပ်ကာပြောလိုက်သည်။

"ရွာထဲက ခွေးတွေကို တကယ်ကျေးဇူးတင်တယ်၊ မင်းသူတို့ပြောတာကို နားလည်နိုင်တာကိုရောပဲ"

“ဟုတ်တယ်"

ဝမ်မင်ယီက သူ၏လက်ဖဝါးများဖြင့် ရိုက်လိုက်ကာ ပြောသည်။

ဗီလန်ဥက္ကဋ္ဌ၏ခွေးနှင့်ကြောင်အဖြစ် ပြန်လည်၀င်စားခြင်း ( BL ) ( Completed )Where stories live. Discover now