84

867 115 3
                                    

Chapter 84

နှစ်ရက်အကြာတွင် ချန်လု သည် ခန်းကျယ် ယခင်က အကြံပြုထားသည့် ဇာတ်ကားauditionဆီသို့ ဝမ်မင်ယီအား ခေါ်သွားခဲ့သည်။

ဒီဇာတ်ကားကို "A Day Gone"(ကွယ်ပျောက်သွားသည့်နေ့) ဟု အမည်ပေးထားပြီး စီးပွားဖြစ် ဇာတ်ကားဖြစ်၏။ ခန်းကျယ် သရုပ်ဆောင်ရမည့် အမျိုးသားဇာတ်လိုက်
ဟဲ့မင် သည် ၎င်း၏လုပ်ဖော်ကိုင်ဖက်များနှင့် ဇူလိုင် ၂၅ ရက်နေ့တွင် စကားစမြည်ပြောနေစဉ် လွန်ခဲ့သည့် တစ်ပတ်က ဇူလိုင် ၁၇ ရက်နေ့ရှိမှတ်ညဏ်များ ပျောက်ဆုံးသွားသည်ကို ရုတ်တရက်တွေ့ရှိခဲ့သည်။ သူအသည်းအသန်ပြန်တွေးသော်လည်း ထိုနေ့က အဖြစ်အပျက်များကို သူ မမှတ်မိနိုင်ခဲ့ပေ။  ထိုနေ့တွင်ပင်  ဟဲ့မင် အလုပ်အသွားအပြန် ဖြတ်သွားရသည့်ရက်ကွက်အတွင်းတွင်   မတော်တဆမှုတစ်ခုကြောင့် အမျိုးသားတစ်ဦး သေဆုံးခဲ့သည်။

ဟဲ့မင်က သူ့လက်ထဲနှင့် သူ့ကွန်ပြူတာထဲတွင် သူဘာသူ ရေးထားသော ထူးဆန်းသည့်အချက်အလက်အများအပြားကို  တွေ့လိုက်ရ၏။ သူ ထိုအချက်အလက်များကို စုံစမ်းခဲ့ရာ မတော်တဆ သေဆုံးသွားသော အမျိုးသား၏ သေဆုံးမှုနှင့် ဆက်စပ်နေနိုင်သည်ကို တွေ့ရှိသဖြင့် အံ့အားသင့်သွားခဲ့သည်။

ဟဲ့မင်သည် သူ့နှလုံးသားထဲတွင် ပြင်းထန်စွာ ရုန်းကန်နေရသည်။ သူ့ကိုယ်သူ သံသယဝင်ကာ သူ၏အသိစိတ်ကို  ဆန်းစစ် ပြီးနောက် စုံစမ်းစစ်ဆေးမှုကို ဆက်လက်လုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့၏။ နောက်ဆုံးတွင်  သူသည် တစ်လွှာပြီးတစ်လွှာဖော်ထုတ်ရင်း အမှန်တရားကို ရှာတွေ့သွားတော့သည်။

ဤဇာတ်ညွှန်းက အတော်လေး ကောင်းလှသည်။  အစတွင် သည်းထိတ်ရင်ဖိုစရာကောင်းပြီး
စွဲမက်ဖွယ်ဖြစ်၏။ အလယ်မှ စုံစမ်းစစ်ဆေးမှုများသည် ပို၍ပင် ရောထွေးယှက်နွယ်နေကာ အကြိမ်များစွာ နောက်ကြောင်းပြန်ရောက်
သွားသည်။နောက်ဆုံးတွင် အမှန်တရားက ထင်ရှားလာပြီး နောက်ကြောင်းထပ်ပြန်ကာ  ဇာတ်လမ်း၏အထွတ်အထိပ်သို့ရောက်ချိန်တွင်  လိမ္မာပါးနပ်စွာဖြင့် အဆုံးသတ်သွားခဲ့၏။

ခန်းကျယ်၏ပြောပြချက်ကို နားထောင်ပြီးနောက် ဝမ်မင်ယီသည် ထိုဇာတ်ညွှန်းကို အလွန်စိတ်ဝင်စားခဲ့သည်။ ထိုကြောင့် ဇာတ်ရုပ်တစ်ခုမှာ ပါဝင်သရုပ်ဆောင်ရမည့်အတွက်လည်း  အရမ်းပင်ပျော်ရွှင်နေလေ၏။

ဗီလန်ဥက္ကဋ္ဌ၏ခွေးနှင့်ကြောင်အဖြစ် ပြန်လည်၀င်စားခြင်း ( BL ) ( Completed )Wo Geschichten leben. Entdecke jetzt