one

1.3K 74 24
                                    

နှုတ်ခမ်းကို‌ကိုက်ကာ စာအုပ်ထောင်ထားတဲ့ အကွယ်ကနေ မျက်လုံးကလေးက တစ်ဖက်ခုံက မာနကြီးကြီး ခပ်ချောချော ကိုကို့ကို ချောင်းကြည့်သည်။ဘေးတိုက်မြင်နေရတာ....အသားဖွေးဖွေးးနှာတံပြေပြေနဲ့ စာအုပ်ကို ကိုင်ထားပုံက သိပ်smartကျတာ ဒီအစ်ကိုကြီးကို ကျောင်းမှာ မိန်းကလေးတိုင်း ပါးစပ်က မချနိုင်လောက်အောင် ဖြစ်တာဆန်းသလားးးးး

ရုတ်တရက် ကိုကို့မျက်လုံးအိမ်က သူ့ဘက်ရောက်လာ၍ အကြည့်ချင်းဆုံကာ ခြေဖျားလက်ဖျားတွေအေးပြီး သူ့မျက်လုံးကိုစာအုပ်နဲ့ပြန်ကွယ်ဖို့ မေ့ရသည်အထိ....

"ထယ်ယောင်းးးး"

အသံကြားမှ စာအုပ်နဲ့ ပြန်ကွယ်ကာ နှုတ်ခမ်းကို ဆူထော်ကာ ခေါင်းပုနေလိုက်သည်။

သူ့နားလမ်းလျှောက်လာတာ သိတာမို့ နှုတ်ခမ်းကြီး တအားဆူထော်ပစ်ကာ‌ခေါင်းကလည်း ပုသထက်ပုလိုက်တာမို့ စားပွဲပေါ် မေးရောက်သွားပြီ

"စာမလုပ်ဘဲ ဘာလုပ်နေတာလဲ မေမေလေးနဲ့တိုင်လိုက်ရမလားးး"

ထယ်ယောင်း ခေါင်းလေး ပြန်မတ်ကာ ခေါင်းလေးခါပြလိုက်သည်။

"မတိုင်ပါနဲ့ မေမေက ထယ်ထယ့်ကို ရိုက်မှာ ကိုကိုရ"

ကိုကိုက မျက်မှောင်ကြီးကြုတ်ကာ စားပွဲပေါ် သူ့လက် ထောက်ကာ လူကို ကြည့်သည်။ရုတ်တရက် စာအုပ်ဆွဲယူလိုက်တာမို့ ကင်ထယ်ယောင်းတို့ ခေါင်းမီးတောက်ရသည်။စာအုပ်ကို ပြန်လည်း မဆွဲယူရဲ....

ကိုကိုက စာအုပ်ကို ဟိုလှန်ဒီလှန်ကြည့်ရင်း သူ့ဘက်ကို သဘောမကျတဲ့ မျက်ဝန်းနဲ့ကြည့်သည်။

"ကလေးက ကလေးလို မနေဘူး ရည်းစားထားချင်နေတာလားးး မဖြစ်ဘူး မင်းကို မေမေလေးနဲ့တိုင်မှရမယ်"

ကိုကိုက စာအုပ်ကို ဘုန်းကနဲချကာ လှည့်ထွက်သွားမယ်လုပ်တော့ အမြန် ထကာ ရှေ့ကနေ ကွယ်ရပ်လိုက်သည်။

"ဟင့်အင်း ထယ်ထယ့်ကို ကိုကိုဘဲ အပြစ်ပေး မေမေက ရိုက်ရင် ကြိမ်လုံးကြီးနဲ့"

မျက်နှာကလေးမဲ့ကာ ‌ငိုမဲ့မဲ့နဲ့ပြောတော့ ကိုကိုကလက်ပိုက်ကာ မေးငေါ့ပြသည်။

ကိုယ့်ရဲ့အကြင်နာသူWhere stories live. Discover now