fifteen

202 32 23
                                    

"ကိုကို..."

ထယ်ယောင်း ကိုကို့လည်ပင်းဖက်ကာ ခပ်ညည်းညည်းလေးခေါ်တော့ ကိုကို ချွေးတွေပြန်ကာ အတော်စိုးရိမ်သွားသည်။

"မဖြစ်ဘူး မီနီအိုးဝေငှားမှ"

ကိုကိုသည် Clubရှေ့က အိုးဝေငှားကားလိုက်သည်။တစ်လမ်းလုံး ထယ်ယောင်းကဂျစ်‌တော့သည်။

"ဟင့်ပူတယ် ထယ်ထယ့်အင်္ကျီချွတ်ပေး"

"ယောင်း ငြိမ်ငြိမ်နေ"

ထယ်ယောင်း သူ့ကြယ်သီးသူ ချွတ်နေ၍ ဂျီမင် အမြန်တားကာ ထယ်ယောင်းလက်ကလေးဆုပ်ကိုက်ထားလိုက်ရသည်။ထယ်ယောင်းကို ရင်ခွင်ထဲ သွင်းကာ ခေါင်းလေး သပ်ပေးကာ ချော့မြှူထားရသေးသည်။

"ကလေးလေး ဘာမှမဖြစ်ဘူးနော် အဲ့တာက Allergicဖြစ်တာ ကိုကို့ကိုယုံနော်"

"ဟင့်"

ထယ်ယောင်း ဘယ်လိုမှမနေနိုင့်တော့ ချွေးစေးတွေပြန်လာကာ လူကာ တုန်ရီပြီးမောလာသည်။

"ထယ်ထယ်ဆေးမိတာကိုကို"

ဂျီမင်သိသည်။သိလို့ဘဲ လူကြားထဲက ‌ခေါ်ထုတ်လာပေးခဲ့သည်။မီယောင်းလက်ချက်ဆိုတာလည်း သိသည်။ဒီကလေးမနဲ့နောက်ရက်မှဇယားရှင်းရမည်။

ဂျီမင် ထယ်ယောင်းကိုကျစ်နေအောင်ထွေးဖက်ထားပြီး ခဏခဏနှစ်သိမ့်ရသည်။

"ကိုကို့ကလေးလေး ဘာမှမဖြစ်ဘူးနော်"

"ကိုကိုတို့ အိမ်ရောက်တော့မယ်"

"ကိုကို့ကလေးက လိမ္မာပါတယ်"

"ရောက်ပြီကလေး"

ကိုကိုသည် ထယ်ယောင်းကို ပွေ့ကာ သူနေနေသည့် တိုက်ခန်းခေါ်လာခဲ့သည်။မေမေလေး သိသွားရင်မကောင်းတာမို့ သူ့တိုက်ခန်းခေါ်လာခဲ့ခြင်းဖြစ်သည်။
"ကိုကို ထယ်ထယ့်ကို ကူညီပါ"

"ကိုကိုရေ ထယ်ထယ် သေတော့မယ်ထင်တယ်"

ကလေးငယ် မျက်ရည်အသွင်သွင်ကျကာ ပျော့ခွေနေသည်။သူ အိပ်ခန်းထဲက ရေချိုးခန်းဆီတန်းဝင်လာရသည်။

ကလေးငယ်ကို Bathtubထဲထည့်ကာ ရေပန်းနှင့်တစ်ကိုယ်လုံးရွှဲအောင်လုပ်ရသည်။ကလေးငယ်သည် တွန့်ခွေနေကာ ညည်းတော့သည်။

ကိုယ့်ရဲ့အကြင်နာသူWhere stories live. Discover now