"စက်ဘီးစီးချင်တာ"
နှုတ်ခမ်းကလေးဆူကာ စကားလာပြောတော့ ဂျီမင် ထယ်ယောင်းမမြင်အောင် ပြုံးလိုက်သည်။
ထယ်ယောင်းက တကယ့်ကလေးလိုဘဲ သူလိုချင်တာ မရမချင်းဘေးက ကပ်နေအုံးမှာ အခုလည်း သူစာကျက်နေတာ ဘေးကနေ မျက်နှာအမူအယာအမျိုးမျိုးနဲ့ ကပ်ချွဲနေတာ
"ထယ်ထယ် စက်ဘီးစီးချင်လို့ပါ ကိုကိုဘဲဟိုတစ်နေ့က လိုက်ပို့မယ်ဆို"
ဂျီမင် ကိုင်ထားတဲ့ စာအုပ်ကလေး စားပွဲပေါ်ချကာ သူ့ကိုမျက်ခုံးပင့်ပြတော့ ဟီးကနဲ သွားကလေးစိပြကာ ရယ်ပြသည်။
"ထယ်ထယ် စက်ဘီးစီးချင်လို့"
ဂျီမင် ချက်ချင်ထလိုက်တာမို့ မော့ကြည့်ရှာသည်။
"ထလေ မသွားဘူးလား"
ထယ်ယောင်းချက်ချင်းထခုန်ပစ်လိုက်သည်။
"ရေးးး"
အိမ်ရှေ့က စက်ဘီးကလေး သူဆွဲထုတ်နေစဉ် ထယ်ယောင်း အိမ်ထဲ ပြေးကာ ကျောပိုးအိတ်လေးဝင်ယူသည်။
"ဘာလုပ်ဖို့လဲ"
"မုန့် မုန့်လေ ကိုကို"
ဂျီမင် ခေါင်းခါကာ စက်ဘီးကိုခွလိုက်သည်။
"လာလေ"
"ဟုတ်"
ထယ်ယောင်း ကိုကို့စက်ဘီးနောက် အမြန်တက်လိုက်သည်။ခွမတက်ဘဲ ဘေးတစ်စောင်းလေး ထိုင်လိုက်သည်။
ကိုကိုက စက်ဘီးနင်းတာမြန်သည်။သူဘေးတစ်စောင်းထိုင်လိုက်တာမို့ စက်ဘီးကယ်ရီယာခုံက ကိုင်စရာလေး တင်းနေအောင်ဆုပ်ကိုင်ကာ လိုက်ရသည်။
"ထယ်ယောင်း"
"ဗျာ"
"ဘယ်သွားချင်လဲ"
"အပင်ကြီးကြီးတွေရှိတဲ့နေရာလေ ထယ်ထယ် ငယ်ငယ်က ဘုရားဖူးလာတုန်းက ရောက်ဖူးတယ်"
ဂျီမင် စက်ဘီးကို ထယ်ယောင်းပြောတဲ့နေရာနင်းလိုက်သည်။လမ်းမထက်နေပူသလောက် ပုန်းတလုတ်ရေပြင်နဲ့ အပင်ကြီးတွေရဲ့ အရိပ်အာဝါသကြောင့် မောသမျှ ပြေရသည်။
သူစက်ဘီးဒေါက်ထောက်နေစဉ် ထယ်ယောင်း သစ်ပင်ကြီးအောက်အမြန်သွားကာ ကျောပိုးအိတ်ထဲကယူလာတဲ့ အခင်းကလေး ဖြန့်ခင်းလိုက်သည်။