nineteen

215 40 33
                                    

ထယ်ယောင်း မနက်ခင်း မျက်လုံးများပွင့်သည်နှင့် အိပ်နေတာကနေ အသာထလိုက်သည်။မနေ့ညက ကိုကိုနှင့်အတူ တစ်အိပ်ယာထဲအိပ်ခဲ့တာဖြစ်၍ ကိုကို မနိုးခင် ကုတင်ပေါ်က ဆင်းလိုက်သည်။အခုမှသေချာကြည့်မိတော့ ကိုကို့အခန်းက သေသပ်‌နေသည်။ကုတင်ဘေးက စားပွဲပေါ်ပုကလေးပေါ်မှာ ထယ်ယောင်းနှင့်ကိုကို မန္တလေးက စန္ဒာမုဒိဘုရားမှာ လက်တွဲကာရိုက်ထားသည့်ပုံကလေးရှိနေသည်။

ထယ်ယောင်း ခြေကလေး ဖော့ကာ အသာကလေး အခန်းထဲက ထွက်လာလိုက်သည်။လှေကားကဆင်းသည်နှင့် ဒေါ်လေးနှင့်တန်းတိုးသည်။ဒေါ်လေးကို ထယ်ယောင်း လက်ညှိုးကလေး နှုတ်ခမ်းကပ်ပြကာ

"သား မနေ့ညက ကိုကို့အခန်းထဲအိပ်တာ ကိုကိုမသိစေနဲ့နော်ဒေါ်လေး"

ဒေါ်လေးခေါင်းငြိမ့်ပြသည်နှင့် ထယ်ယောင်း ကိုယ့်အခန်းထဲတန်းသွားလိုက်တော့သည်။

အခန်းထဲရောက်သည်နှင့် ရေချိုးအဝတ်အစားလဲရသည်။မနက်စာစားချိန်တွင် ကိုကိုက စားပွဲမှာအရင်ရောက်နေသည်။ထယ်ယောင်း ခပ်တည်တည်နှင့် ကိုကိုနှင့်မျက်နှာချင်းဆိုင်မှာထိုင်လိုက်သည်။

"မနေ့ညက ဒေါ်လေးလိုက်ပို့တာလား အခန်းထဲ"

ဒေါ်လေး ထယ်ယောင်းတစ်ချက်ကြည့်ပြီးမှ ခေါင်းငြိမ့်ကာ

"ဟုတ်တယ်လေ သား"

ကိုကိုက ထယ်ယောင်းကို ခပ်စေ့စေ့လှမ်းကြည့်သည်။ပြီးတော့ သူ့‌ ရှေ့စားပွဲပေါ်က ဖုန်းအားထယ်ယောင်းရှေ့တိုးပေးသည်။

"မင်းဖုန်း ငါ့အခန်းထဲရောက်နေတယ်"

ထယ်ယောင်း မျက်လုံးကလေးပြူးကျယ်ကာ ဖုန်းကိုကောက်ယူကာ ပေါင်ပေါ်တင်ထားလိုက်သည်။

"ယောင်း.."

"မနေ့ညက ဘာမှမဖြစ်ခဲ့ဘူးမလား"

ဒေါ်လေး အနေကြပ်သည်မို့ "ဟင်းအိုးပွက်နေပြီ"ဟုပြောကာ မီးဖိုချောင်ထဲ ဝင်သွားလေသည်။

"ယောင်...."

ထယ်ယောင်းစကားမဆက်နိုင်ပေ။မျက်ရည်များဝေ့ကာ ကိုယ်လေးတုန်နေလေသည်။

ကိုယ့်ရဲ့အကြင်နာသူWhere stories live. Discover now