"သား ထယ်ယောင်းလေးကို ပန်းခင်းထဲ အလည်ခေါ်သွားပေးလေ"
ထယ်ယောင်း ကိုကို့ကို မချိုမချဉ်လေး ပြုံးပြလိုက်သည်။ကိုကိုက မျက်မှောင်ကလေး မသိမသာပြန်ရှုံ့ပြကာ အန်တီလုပ်ထားပေးသည့် စားပွဲပေါ်က ခေါပုတ်ကြော်ကိုယူစားသည်။
"အန်တီတို့ ပန်းခြံကြီးက အကျယ်ကြီးလားဟင်"
"အင်း နှင်းဆီပန်းရောင်စုံခင်းရှိတယ် အဖြူခင်းရော ပန်းရောင်ခင်းရော အဝါခင်း အနီခင်း အစုံဘဲ ဓာတ်ပုံရိုက်လို့ရတာပေါ့သားရဲ့"
"ထယ်ထယ် သွားချင်လိုက်တာ"
"ဟဲ့ ပတ်ခ်ဂျီမင် လိုက်ပို့လိုက်လေ"
အန်တီလေးက ကိုကို ပေါင်ကိုတစ်ချက် ထိကာ ပြောတော့ ကိုကို မသိဟန်ဆောင်လို့မရတော့ပေ။ထယ်ယောင်းဘက်လှမ်းကြည့်ကာ
"သူစက်ဘီးစီးတတ်တာဘဲ လမ်းပြောပြလိုက်မယ်"
ထယ်ယောင်း ဟင်းကနဲ မျက်နှာကလေးမဲ့လိုက်သည်။
"အန်တီရေ..နန်းဝင်လာပြီနော်"
နန်းသီရိ.....
ဟိုတစ်ခါလာတုန်းက နန်းက ကိုယ်လေးကသေးသေးနဲ့ ကလေးသာသာအရွယ်သာ အခုတော့ အပျော်ကြီးကျလို့ ဝတ်တာစားတာကလည်း အပျိုကလေးလိုပင် သပ်သပ်ရပ်ရပ် ဖြီးလိမ်းထား၍ ထယ်ယောင်း မနည်း မှတ်မိအောင် ပြန်ကြည့်ယူရသည်။
"ထယ်ယောင်း"
နန်းသီရိက ထယ်ယောင်းဘေးဝင်ထိုင်လိုက်သည်။
ကိုကိုနန်းကို ဆတ်ကနဲ ကြည့်သည်။
"ငါ့မှတ်မိလား ထယ်ယောင်း"
ထယ်ယောင်း ခေါင်းလေးငြိမ့်လိုက်သည်။နန်းက ပြုံးကာ ထယ်ယောင်း ပုခုံးကလေး တစ်ချက်ရိုက်သည်။
"နင်လည်း အရပ်ရှည်လာတယ် ထယ်ယောင်း ပိုပြီး ကြည့်ကောင်းလာတယ်"
"နင်က ပိုချောလာတာ တကယ်ကြီး လူကြီးကျနေရောဟာ"
"ဟာ နင်ကလည်း ထားပါ နင်ဆယ်တန်းနှော"
"အေး နင်ရောဘဲမလား"
"အေး ငါက Bio တွဲ စာတွေက ခက်လိုက်တာ နင်ရော"