ten

219 34 16
                                    

ဒီအပိုင်လေးလည်းsweetနေရစေမယ်ဗျာ
ပိုsweet‌ချင်ရင်တော့ ဒီသီချင်းလေး အရင်‌တစ်ခေါက်လောက်နားထောင်ပေးပါနော်^⁠_⁠_⁠_⁠_⁠_⁠_⁠_⁠_⁠_⁠^(⁠◠⁠‿⁠・⁠)⁠—⁠☆





"ကိုကို"

သူကားပေါ်မတက်နိုင်ဘဲစောင့်နေလိုက်ရတာ ဒီကလေးဟာ ဧကန္တပဲများနေတာကိုးးးး

ခြံထဲမှာ လူတွေစုံနေပြီ အဖေနဲ့အမေကတော့ အလုပ်သမားတွေနဲ့ မုန့်ပြားသလပ်ကို ဒိုင်ခံ မီးဖိုဘေးထိုင်ကာ မမောနိုင်မပန်းနိုင်လုပ်နေသည်။

"ထယ်ထယ်တို့ မီးသရဲဆော့မှာလား"

ကိုကိုက ဘာမှ မပြောပေ။ရှေ့ကနေ သွားတာမို့ ထယ်ယောင်းနောက်ကနေ လိုက်သွားလိုက်သည်။

"သားလာ ညီလေးကိုခေါ် လာ ဒီမှာထိုင်"

အန်တီကြီး တစ်ယောက်က ထိုင်ခုံကမ်းပေးသည်မို့ ထယ်ယောင်းဝင်ထိုင်လိုက်သည်။ကိုကိုက မထိုင်ပေ။တီတီလေးနားသွားကာ ကူပေးမည်ထင်သည်။

"မေမေ သား လုပ်လိုက်မယ်"

"နေပါ သားရယ် သွား အကြော်တွေ ကပ်ကြေးနဲ့ညှပ်ချည်"

ကိုကိုက သူ့ဖေဖေဘေးနားသွားထိုင်ကာ ကတ်ကြေးနှင့် အကြော်ဗန်းယူကာ ကတ်ကြေးနဲ့ကိုက်နေလေသည်။ကိုကိုခြံထဲက အလုပ်သမားများသည်လည်း ခရမ်းချဉ်သီး ငရုတ်သီး စူးပုပ်ကြီး လှီးကြဖြတ်ကြနဲ့ အလုပ်ရှုပ်နေသည်။

"သားက မန္တလေးကလား"

"ဟုတ်"

တကယ်က နန်းရတီမေမေက ထယ်ယောင်းကိုသိရက်နှင့်မေးတာ ထယ်ယောင်းသိသည်။နန်းကတော့ သူ့မေမေဘေးကနေ ကြက်ဥတွေ ဖောက်ကာကြွေဇလုံထဲထည့်နေသည်။သူ့မေမေကတော့ သူ့သမီးခွဲပြီးသား ကြက်ဥတွေခေါက်လျက်စကားဆိုလာတာ

"သားက အချောလေးဘဲ နန်းနဲ့ရွယ်တူဆို"

"ဟုတ်"

"နန်းကို ဆယ်တန်းပြီးရင် အန်တီက မန္တလေးမှာတက္ကသိုလ်ထားမလားလို့ အဲ့ကြ သားညီမကိုသား‌ကစောင့်ရှောက်ပေးပါအုံး"

ကိုယ့်ရဲ့အကြင်နာသူWhere stories live. Discover now