twenty five

161 23 33
                                    

"ဖုန်းတစ်လုံးနဲ့ အလုပ်ရှုပ်နေတဲ့ မမရေ လာ မုန့်လုံးရေပေါ်အတွက် ပစ္စည်းတွေ readyဘဲ"

ထယ်ယောင်းနဲ့ကိုကို မနက်စောစော ဈေးသွားကာ ကောက်ညှင်စဆန်မုန့်တို့ ထန်းလျက်တို့ အုန်းသီးခြစ်တို့ ဇီးဖျော်ရဘ်ပုလင်းတို့ သွားဝယ်ကာ ပြန်လာတယ် မိယွန်းမ ဖုန်းနဲ့မျက်ခွက်မပျက်ဘူး။မိုးခကျော်ကတော့ ဒန်အိုးတွေဇလုံတွေခွက်တွေဆေးပြီးလို့ မီးဖိုကြီးလည်း ခြံထဲရွှေ့နေလေသည်။

"ကိုကို ယောင်း ဟိုကလေးနားသွားလိုက်အုံးမယ်"

ကိုကိုသည် ခေါင်းငြိမ့်ကာ မိုးခကျော်နား မုန့်ထုပ်တွေသယ်သွားလေသည်။ထယ်ယောင်း မိယွန်းဘေး ထိုင်တော့လည်း မိယွန်းမ သတိမထားမိဘဲ ဖုန်းဘဲ ကလိနေတာ။

"ဟဲ့"

လက်မောင် ရိုက်လိုက်မှ ပြုံးစိစိနှင့်သူ့ဘက် လှည့်ကြည့်တာ။ဒီကလေးမ မရိုးဘူး။

"နင်ဘာဖြစ်နေတာလဲ"

မိယွန်းသည် သူ့ဖုန်းလေး ထယ်ယောင်းနားထိုးပေးလေသည်။ထယ်ယောင်း ယူကြည့်လိုက်တော့ သူပြုံးလည်း ပြုံးချင်စရာဘဲ ကိုယ်ပါလိုက်ပြုံးမိသည်။

"မမက မော်လမြိုင်ကလား"

"အင်း"

"နင်တအား ကလေးဆန်တာဘဲ ယွန်းရာ နင့်မမ စိတ်ပျက်သွားအုံးမယ်"

မိယွနသည် ကလေးဆန်တာတော့တကယ် ဆံပင်ဂုတ်ထောက်လေးနဲ့လူက သွယ်လျလျလေး။ဝတ်လိုက်ရင် Tachi Tyeနှင့် တကယ်တော့ အူယားစရာလေးပါ။သူ့မမ wallထဲ ဝင်ကြည့်လိုက်တော့ သူ့မမသည် ပြည့်ပြည့်ကလေး မြန်မာဝတ်စုံ ရင်ဖုံးနှင့်ထဘီသာ ဝတ်ဆင်တာ။ဟီး လိုက်နေရောဘဲ ဒီနှစ်ယောက်။

"မမက ငါ့ထက် ၆နှစ်ကြီးတယ်"

"ဝိုးသူက နင့်လိုကလေးလို ပြန်ကြိုက်တာဘဲလား"

"အင်း တွဲရုံပါဘဲဟာ မမက ငါ့ကိုမချစ်ဘူး ပြောတယ်"

ထယ်ယောင်း ခေါင်းတညိမ့်ညိမ့် ငြိမ့်ရင်း ကိုကို့ဘက်လှမ်းကြည့်လိုက်သည်။ကိုကိုသည် ကောက်ညှင်းတွေနှပ်နေပြီ။မိုးခကျော်ကလည်း အားကိုးရပါ့ ရေဇလုံကြီးကိုင်ကာ ဘေးက ရပ်နေလေသည်။

ကိုယ့်ရဲ့အကြင်နာသူWhere stories live. Discover now