eighteen

211 32 15
                                    

"မနက်စာ သားကူလုပ်ပေးမယ်လေ ဒေါ်လေး"

"ရပါ့တော် သားဒီနေ့ ကျောင်းသွားရမယ်မလား ရေချိုးချည်လေ"

ထယ်ယောင်း လက်ကလေးပိုက်ကာ ပုခုံးကလေးကျုံ့ပြလိုက်သည်။

"အေးတယ် ဒေါ်လေးရ တောင်ကြီးက တအားချမ်းတာဘဲ"

ဒေါ်လေး သဘောတကျရယ်ကာ ပေါင်မုန့်နှင့်ကိတ်မုန့်များကို oveanထဲထုတ်လေသည်။ထယ်ယောင်းလည်း ဒီအတိုင်းကြီး ဇိမ်နဲ့မနေချင်တာနဲ့ kitchen counterအောက်က cabientဖွင့်ကာ တစ်ခုခုရှာလိုက်သည်။

ကြွေကရားအိုးလေးတွေ့တာမို့

"ဒေါ်လေး ကော်ဖီဒီထဲဖျော်လို့ရလား"

ကြွေကရားအိုးလေးကိုင်ကာ ပြောနေသည့် ထယ်ယောင်းကို ဒေါ်လေးက ခေါင်းလေးငြိမ့်ပြကာ သူ့ဘေးက ကော်ဖီမှုန့်ဘူးအား ထယ်ယောင်းရှေ့တိုးပေးလေသည်။

"ရေနွေးအိုးက လျှပ်စစ်နဲ့တည်ပြီးသား ဖျော်ပြီး ထမင်းစားပွဲယူခဲ့ပေးနော်ကလေး"

ဒေါ်လေးထွက်သွားသည်နှင့် ထယ်ယောင်း လက်ထဲက ကြွေကရားလေးကို ဘေစင်မှာရေကျင်းပြီး ကော်ဖီဖျော်လိုက်သည်။ဖျော်ပြီး ဇွန်းလေးနှင့်တစ်ဇွန်းယူကာ မြည်းကြည့်တော့

"အာ...ကောင်းလိုက်တာ ရှမ်းပြည်က လက်ဖက်တို့ကော်ဖီတို့နာမည်ကြီးတာလည်းမပြောနဲ့ ရှယ်ဘဲ"

ထယ်ယောင်း ကရားလေး သေချာကိုင်ကာ မီးဖိုချောက်က ထွက်လာလိုက်သည်။ကိုကိုထမင်းစားပွဲမှာရောက်နေလေသည်။ဒေါ်လေးနှင့်စကားတွေပြောကာ ပြုံးလို့

"ကိုကို ထယ်ထယ် ကော်ဖီဖျော်ထားတယ်"

ထယ်ယောင်း ကရားကိုစားပွဲပေါ်တင်ပြီး ကိုကို့ကော်ဖီခွက်လေးလှမ်းယူလိုက်သည်။

ကော်ဖီခွက်ထဲ ကော်ဖီထည့်နေစဉ်

"ဒေါ်လေးဘာလို့မဖျော်တာလဲ"

"ထယ်ယောင်းက ကူချင်တယ်ဆိုလို့"

ထယ်ယောင်းလက်ထဲက ကော်ဖီခွက်မှာကော်ဖီတွေပြည့်သွားလေပြီ။ထယ်ယောင်း ကိုကို့ရှေ့ ထားပေးတော့

"နေနေ မသောက်တော့ဘူး ဒေါ်လေးထိုင်လေ လေးလေးပါတစ်ခါတည်းခေါ်ဗျာ မနက်စာအတူစားရအောင်"

ကိုယ့်ရဲ့အကြင်နာသူWhere stories live. Discover now