thirteen

224 32 19
                                    

"ဘုရား သကြားမ၍ တပည့်တော် စာမေးပွဲမှာ နှစ်ဘာသာပါပါစေ"

ဘုရားကျောင်းတော်ရှေ့ ပုဆစ်တုပ်ထိုင်ကာ လက်အုပ်ချီလျက် နှုတ်က ထိုစကားကို ခဏခဏရွတ်နေမိတာ အခုဆို၁နာရီတိတိရှိပြီ။

"သားငယ်...သားငယ်...."

မေမေ့အသံကြားသည်နှင့် နှလုံးခုန်နှုန်းပိုမြန်လာသလိုဘဲ အမြန် ဘုရားကို ဦးချကန်တော့ကာ ဘုရားခန်းထဲက ထွက်လာလိုက်သည်။

မေမေက ပြုံးကာ

"သားကိုကို ရောက်နေတယ်"

ထယ်ယောင်း နံရံက နာရီလှမ်းကြည့်လိုက်တော့ ည၁၀နာရီခွဲနေပြီ။အမြန်အောက်ထပ်ဆင်းလာခဲ့တော့သည်။ကိုကိုက ဖုန်းလေးကိုင်ကာ ထယ်ယောင်းကို ဧည့်ခန်းမှာ ထိုင်ကာ စောင့်နေသည်။

မေမေနှင့်ထယ်ထယ် ကိုကို့ဘေး သွားထိုင်တော့ ကိုကိုက ထယ်ယောင်း ခေါင်းကလေးသပ်လာသည်။

"အဆင့်သင့်ဖြစ်ပြီလား ယောင်း"

ကိုကိုက မေးတော့ ထယ်ယောင်းခေါင်းလေးငြိမ့်လိုက်သည်။ကိုကိုက တစ်ချက်ကလေး ပြုံးကာ ထယ်ယောင်းလက်ကလေး ဆုပ်ကိုင်လာသည်။မေမေကတော့ ခပ်ပြုံးပြုံးနှင့် ထယ်ယောင်းနှင့် ကိုကို့ကို အကဲခတ်နေသည်။

ထယ်ယောင်းလက်တွေအေးစက်နေတာ ကိုကိုသိမည်။

ကိုကိုဖုန်းလေးဆက်လိုက်ချိန် ထယ်ယောင်း မျက်လုံးတွေဂဏာ မငြိမ်ပေ။speakerဖွင့်ထား၍ လူက ပို၍ ကြောက်လာသလိုပင်။

"ဟုတ်ကဲ့ ခုံနံပါတ် မဟမ ၀၁၂ မောင်ကင်မ်ထယ်ယောင်း အောင်‌စာရင်းသိချင်တာပါ ကျွန်တော် အရင်နေ့ကတည်းက ဆက်သွယ်ထားပါတယ်"

"ဟုတ်ကဲ့ရှင့် ခဏစောင့်ပေးပါနော်"

ထယ်ယောင်း သက်ပြင်းငွေ့ငွေ့လေးတွေချတော့ မေမေက ပုခုံးလေး လာဖက်ထားပေးသည်။ထယ်‌ယောင်းမေမေ့ရင်ခွင်လေးထဲ မှီနွဲ့ကာ နေလိုက်သည်။

"ဟုတ်ကဲ့ ခုံနံပါတ် မဟမ‌၀၁၂ မောင်ကမ်ထယ်ယောင်း သုံးဘာသာပါပါတယ်..."

ထယ်ယောင်း မျက်လုံးပြူးလေးနဲ့ အံ့ဩကာ ပေ‌ော်နေမိသည်။မေမေကလည်း ထယ်ယောင်းပုခုံးကို ကျစ်နေအောင်ဖက်ကာ ပျော်နေရှာသည်။

ကိုယ့်ရဲ့အကြင်နာသူWhere stories live. Discover now