three

353 37 10
                                    

မိုးက သည်းသည်မို့ ကုပ်ငြိမ်နေကာ ပြတင်းကနေ အဝေးကိုငေးနေလိုက်သည်။ကိုကို့တို့ အိမ်ကြီးက အကျယ်ကြီးဘဲ လူလည်းနည်းသည်။အခုဆို အပေါ်ထပ်မှာ သူတစ်ယောက်တည်း ပြတင်းကနေ တောင်တန်းတွေငေးနေရသည်။

အင်္ကျီလက်ရှည်က လက်က လက်ချောင်းတွေမြုပ်သည်အထိ ရှည်တာမို့ လက်ရှည်စကို သွားလေးနဲ့ တတိတိကိုက်လိုက်မိသည်။

ဂျုန်းးးး

"အမလေး"

ရှက်လက်သွားသည်။မုန်းချုန်းသံ ကျယ်သွားသည်မို့ ထိုနေရာက အမြန်ရွှေ့ကာ အောက်ထပ်ပြေးဆင်းခဲ့သည်။

"ဆယ်တန်း အောင်ရင် တောင်ကြီးတက္ကသိုလ်ဘဲ တက်မလား မန္တလေးမှာဘဲ မေမေလေးတို့နဲ့နေမလား ဂျီမင်"

ကိုကိုက စာအုပ်ဖတ်လက်စ စာအုပ် ဘေးချကာ သူ့အမေချပေးထားတဲ့ ကွတ်ကီးတွေဝါးနေလေသည်။

"မန္တလေးမှာဘဲ အဆောင်ပြောင်းနေမှာမေမေ သင်တန်းတွေ တက်ပြီး Laptopဆိုင်လေး ဖွင့်မလားလို့ သားITပိုင်းသဘောကျလို့"

ထယ်ယောင်း ပြုံးလိုက်မိသည်။

တော်သေးတာပေါ့ မြို့တူတော့ သူလွမ်းတိုင်းသွားတွေ့ရတာလွယ်မည်။

"ထယ်လေး လာလာ တီတီ မုန့်လုပ်ထားတယ်"

ထယ်ယောင်း ကိုကို့ဘေး ထိုင်လိုက်တော့ ကိုကိုက သူ့ကို တစ်ချက်ကြည့်ပြီး ကွတ်ကီးပန်းကန်သူ့နားတိုးပေးသည်။

"‌ထယ်ထယ် မစားတော့ဘူး ကိုကို"

ဂျီမင် ခေါင်းငြိမ့်ကာ စာအုပ်ပြန်‌ဖတ်နေသည်။

ထယ်ယောင်းစပ်စုကာ ကိုကို့စာအုပ်လှမ်းကြည့်လိုက်သေးသည်။ကိုကို့လက်ထဲမှာ ငြိမ်းကျော်ရဲ့အပြာရောင်သစ်ခွပွင့်ရဲ့သမိုင်းအစ ဆိုတဲ့ စာအုပ်ကလေး

"အဲ့စာအုပ် ကောင်းလား"

ဂျီမင် ဘာမှပြန်မဖြေပေ။မကြား‌တာတော့မဟုတ် သေချာမဖြေလိုက်တာ

"သားငယ်က စာဖတ်ဝါဿနာပါလို့လား ဒါဆိုလမ်းထိပ်က စာအုပ်ငှားတဲ့ဆိုင်ရှိတယ် ကိုကို့ခေါ်သွားလေ"

ထယ်ယောင်း ကိုကို့ လှမ်းကြည့်လိုက်သည်။ကိုကိုက သူ့အမေရဲ့စကားကို ဘာမှဝင်မထောက်ခံသလို မငြင်းပေ။

ကိုယ့်ရဲ့အကြင်နာသူDove le storie prendono vita. Scoprilo ora