"သား..."
ထယ်ယောင်းစာကြည့်နေတာကနေ မေမေအနားဂောက်လာသည်မို့ စာအုပ်ကနေအာရုံလွှဲကာ မေမေ့ကိုကြည့်လိုက်သည်။မေမေဟာ ဆွယ်တာအပါးကလေးကိုအပေါ်ကထပ်ဝတ်ကာ တက်တင်းတဘတ်အပြာလေးကိုပါ ပုခုံးပေါ်တင်ထားသည်မို့ ဘုရားကန်တော့၍ပြီးပြီးချင်း သူ့နားလာတာသိလိုက်သည်။
"ဒီနေ့က စာမေးပွဲနောက်ဆုံးနေ့နော် မေမေတို့ မနက်ဖန် မန္တလေးပြန်ကြမယ်"
ထယ်ယောင်း ခေါင်းကလေးအသာငြိမ့်လိုက်သည်။ဖြတ်ကနဲ ကိုကို့ကိုပါသတိရမိ၍ လူက မှိုင်ကျသွားမိပြန်သည်။
"သူ့ကို မေ့ပစ်လိုက်ပါ"
ထယ်ယောင်းမေမေ့ကို ခေါင်းကလေးငြိမ့်ပြပြီး မေမေ့ပုခုံးမှာ ခေါင်းမှီသည်။
"သားကိုကိုဟာ သိပ်ရက်စက်ခဲ့တာ"
"သားကို ကိုကိုက ချစ်ပါတယ်"
"မေမေသိပေမယ့် သူ့အချစ်ကို စိတ်မချဘူး သူဟာ သားကိုရက်စက်နိုင်တယ် ဥပက္ခာပြုနိုင်လွန်းတယ်"
"သားအဆက်အသွယ်မလုပ်သလို ကိုကိုလည်းသားကိုအဆက်အသွယ်မလုပ်ဘူး"
မေမေဟာ ထယ်ယောင်းပုခုံးကိုဖက်ကာ ပုခုံးလေးကိုသပ်ပေးပြီးဖေးမရှာသည်။
"သား မန္တလေးမှာ ကျောင်းပြန်တက်ဖို့က ဒုတိယနှစ်မှရမယ် second semester ဒီမှာတက်ရမယ်တဲ့ကျောင်းက သားကိုပြောင်းလို့မရတော့ဘူးပြောတယ်"
ထယ်ယောင်းကြောင့် ဆရာ ဆရာမတွေ အလုပ်ရှုပ်တော့မည်မို့ကျောင်းအုပ်ကြီး အခုလိုဆုံးဖြတ်လိုက်တာ ထယ်ယောင်း မနေ့ကတည်းက ကျောင်းကဆရာတစ်ယောက်နဲ့စကားပြောရင်းသိပြီးပြီဖြစ်သည်။
"သား စာကျက်စရာရှိလို့မေမေ"
မေမေက နားလည်သည်။သားဖြစ်သူ နဖူးကလေးတစ်ချက်နမ်းကာ ထလိုက်ပြီး အိမ်ထဲ ပြန်ဝင်သွားသည်။
ထယ်ယောင်းမေမေမေငှားထားသည့်ခြံကလေးမှာနေတာတောင် ၁၅ရက်လောက်ကြာခဲ့ပြီဘဲ။ကိုကိုနဲ့ကွဲပြီးကတည်းက ဒီခြံလေးထဲက ဒီချယ်ရီပင်ကြီးအောက်က ခုံပုကလေးပေါ် ထိုင်ရင်း ကိုကို့ကို လွမ်းနေခဲ့ရတာ။ကိုကိုကတော့ ထယ်ယောင်းကို တစ်ချက်တောင်သတိရမည်မဟုတ်ပါ။