twenty three

228 24 26
                                    

ထယ်ထယ် နှုတ်ခမ်းကလေးဆူ ခြေထောက်ကလေး လေထဲတန်းလန်းလှုပ်ကာ ဇရပ်ကခုံပေါ်ထိုင်နေလိုက်သည်။ကိုကိုသည် ထယ်ထယ်စားချင်သည့် အုန်းသီးရေခဲမုန့်ကိုသွား‌ဝယ်ပေး၍ အခုတံတားပေါ် ပြန်တက်လာတာကို မြင်ရပေသည်။ကိုကိုသည် စတစ်ကော်လာ အဖြူလက်ရှည်ကို တံတောင်ထိခေါက်တင်ထားပြီး ပုဆိုးသည် အမရပူထွက်ချည်ကွက် နက်ပြာစိပ်စိပ်ကလေးဝတ်လျက် ကတီပါအနက်ကလေးစီးထားတာ။ထယ်ထယ့်ကိုကိုက ဘာမှ ပဲများစရာမလိုဘဲ သန့်ပြန့်နေတာပါဆို

သူ၏နားကိုကိုရောက်လာသည်နှင့် ဘေးနားဝင်ထိုင်ကာ အုန်မှုတ်ခွက်နှင့်ထည့်ထားသည့် အုန်းသီးရေခဲမုန့်ကလေး လှမ်းပေးလေသည်။ဦးပိန်တံတားမှာ နာမည်ကြီးတာ အုန်းသီးရေခဲမုန့်လေ။တစ်ခုမှ တစ်ထောင်ဘဲပေးရတာ။တစ်ထောင်တည်းပေးရပြီး ရေခဲမုန့်လုံးက လေးလုံးပါတယ် ဒါတင်ဘယ်ကမလဲ အုန်းသီးနုနုလေးတွေခြစ်ထားသည့် အုန်းသီးဖက်တွေပါပါလေသည်။ဇွန်းလေးပါ ထည့်ပေးထားတာ တကယ့်သပ်သပ်ရပ်ရပ်နှင့် စားလို့ကောင်းသည့် အဖိုးတန်လက်ရာ။

ထယ်ယောင်းဇွန်းလေးနှင့်ကော်ကာ ပါးစပ်ထဲ ရေခဲမုန့်တွေ အားရပါးရထည့်ကာ စားလိုက်သည်။လုပ်ချင်တာ လုပ်ရ၍ ပျော်နေသည့် ထယ်ယောင်း၏ မျက်နှာလေးကို ကိုကိုသည် တစိမ့်စိမ့်ငေးကြည့်ကာ ပြုံးနေလေသည်။လေ‌အဝေ့မှာယိမ်းနွဲ့ ပုံပျက်သွားသည့် ထယ်ထယ်၏ ဆံပင်လေးများကြည့်ကာ အူယားတာလည်း ကိုကိုဘဲမလား။

"ကလေးလေး"

"ဗျ"

"ဒါစားပြီးရင် ဦးပိန်တံတားအဆုံးထိ လမ်းလျှောက်ကြမလား"

"ဟုတ် လျှောက်မယ်လေ ထယ်ထယ် ကြားဖူးတာတစ်ခုရှိတယ် အဲ့တာ အတွဲတွေလာရင်တံတားအဆုံးထိ လျှောက်ရတယ်ဆို မလျှောက်ရင်ကွဲတတ်တယ်တဲ့"

"ယောင်းက အဲ့လိုတွေယုံလို့လား"

"ယုံတယ်တော့ ဘယ်ဟုတ်မလဲကိုကိုရ ထယ်ထယ်က ကိုကိုနဲ့မခွဲချင်ဘူးလေ"

ထယ်ယောင်းတို့ထိုင်နေသည့် မလှမ်းမကမ်းမှာ ဦးလေးကြီးတစ်ဦးရှိသည် ထိုဦးလေးကြီးသည် မယ်ဒလင်ကို ကိုင်ကာတီးခတ်လျက် မြန်မာသံစဉ်သီချင်းတွေဆိုနေရှာသည်။ပြောရရင် အနုပညာနှင့် ရိုးသားစွာအသက်မွေးသူပေါ့။

ကိုယ့်ရဲ့အကြင်နာသူWhere stories live. Discover now