twenty four

158 31 42
                                    

လျှာထိုးဦးထုပ်ကို အလယ်က ဗလာနှင့်နောက်က စတစ်ကာနှင့်ကပ်၍ဆောင်းရသည့် သင်္ကြန်ဦးထုပ် အဖြူနှင့် အနက်ကို ကိုကိုနှင့်အတူ ထယ်ထယ်ဆောင်းထားသည်။ဒီဦးထုပ်ကို ဘယ်လိုခေါ်သလို ထယ်ထယ်မသိပါ။တင်းနစ်ရိုက်တဲ့အခါ ဆောင်းကြသည့်ဦးထုပ်လေ။
(ကျွန်တော်မသိတာပါ🥴)

သင်္ကြန်အကျနေ့မလို့လားမသိ။ရင်တွေခုန်ကာ လူက သင်္ကြန်ပိုးထနေပြီ။ကိုကိုနှင့်အတူ ဂျင်းနက်ပြာအပေါ်ထပ်ဂျာကင်ကိုလည်းဆင်တူဝတ်ထားသေးတာ။ကိုကိုက ဂျင်းအဖြူဘောင်းဘီနှင့် ထယ်ထယ်က အသားရောင် စတိုင်ပန်လေး ဝတ်ထားတာ။

"ယောင်း သဘတ်ယူခဲ့မယ်နော် ကိုကို့ထယ်ထယ် လမ်းကြချမ်းနေမှာ"

ထယ်ယောင်း ခေါင်းလေးငြိမ့်လိုက်သည်။ကိုကိုနှင့်အတူ ဒီနေ့ကားနဲ့လည်မှာလေ။မိယွန်းတို့နဲ့စပ်ငှားထားတာ။သင်္ကြန်အကြိုနေ့ဆို အခုချိန် လမ်းမပေါ် အလည် ထွက်ကြတဲ့လူတွေများရောပေါ့။

ကိုကိုသည် ထယ်ယောင်း ချမ်းမည်စိုး၍ ဗီရိုထဲ တဘတ်ကြီး တစ်ထည်ထုတ်လေသည်။ပြီးတော့ာဖုန်းတွေရေမစိုအောင် ရေစိုခံအိတ်ထဲ ထယ်‌ထယ့်ဖုန်းနှင့်သူ၏ဖုန်းကို သေချာထည့်လေ၏။ထယ်ထယ်က တော့ပဲများရမယ်လေ။မှန်တင်ခုံပေါ်က နေကာမျက်မှန်လေးတပ်ကာ အိုက်တင်အမျိုးမျိုးလုပ်နေလိုက်တော့သည်။

တီ....

ကားဟွန်းသံကြားရသည်မို့ ကိုကိုနှင့် ထယ်ထယ် လက်တွဲကာ အိမ်ရှေ့ထွက်ကြသည်။ကိုကိုသည် ‌ဖုန်းအိတ်ကို လည်ပင်းဆွဲထားတဲ့အပြင် ယောင်းအတွက် တဘတ်ကြီးကိုလည်း ပုခုံးပေါ်တင်လို့။

ဟီး ယောင်းကိုကိုက ချစ်ဖို့ကောင်းလိုက်တာ။

ကားသည်ဂျစ်ကားလေးဖြစ်သည်။လူနည်း၍ဂျစ်ကားနှင့်လည်ရတာ ဟန်ကျလှသည်။မိယွန်းနှင့် မိုးခကျော်သည် ဒီနေ့ပိုလန်းနေသလိုပင်။မိယွန်းသည် သူ့ဆံပင်ကို ဆံကျစ်သေးသေးလေးတွေကျစ်ကာ ပြောင်သိမ်းထားသည်။မိုးခကျော်ကတော့ သင်္ကြန်တွင်းယောက်ျားလေးများ၏ စတိုင်အတိုင်း ပုဝါကို ခေါင်းမှာ ပတ်စည်းထားပြီး eyes linerတွေပါဆိုးထားသေးတာ။

ကိုယ့်ရဲ့အကြင်နာသူWhere stories live. Discover now