"နင့်အဒေါ်က သဘောကောင်းလိုက်တာ"
ဟန်ဆောင်းသည် မီယောင်းလက်ကိုကိုင်ကာ ကျေးဇူးတင်ကြောင်းပြသပြီး ပျော်နေလေသည်။မီယောင်း အပြုံးမပျက်ဘဲ စားပွဲပေါ်က ပါတီဖိတ်စာကိုကြည့်ကာ ပိုပြီးကျေနပ်နေမိသည်။
"ဒါဆို ငါတို့ Clubအတူတက်ရပြီပေါ့"
မီယောင်း ခေါင်းငြိမ့်ပြလိုက်သည်။
"ငါတို့ကတက်ဖူးတယ် မတက်ဖူးတာက ဂျီမင်နဲ့စိုးကြီး သူတို့နှစ်ယောက်က ဘယ်တော့မှ ခေါ်မရဘူး အခုတော့ နင်အဒေါ်က Clubမှာ လုပ်ခွင့်ပေးတော့ ငါတို့အတူကဲလို့ရပြီ"
"ဂျီမင်ကအခုလည်းလာပါ့မလားမသိဘူး"
မီယောင်းက စိတ်ပျက်သည့်လေသံဖြင့်ပြောတော့ ဟန်ဆောင်းအသံဆိတ်သွားကာ မီယောင်းကို အရိပ်အခြေနေကြည့်နေမိသည်။သူမ ဆွေးဆွေးမြေ့မြေ့စကားဆက်ပြောသည်။
"သူက ထယ်ယောင်းသိပ်ချစ်တာဘဲဟာ..."
"ဒါကတော့ သူတို့က အရင်ကတည်းက ချစ်နေခဲ့ကြသူတွေဘဲ"
"ငါနဲ့အရင်တွေ့တာပါဟာ"
"အချစ်က လုယူလို့မှမရတာ နင်ပျော်ပျော်နေပါ နင့်ကြိုက်တဲ့သူတွေအများကြီးဘဲကို"
"ငါ့ကိုနင်ချစ်လား"
ဟန်ဆောင်ပြုံးသည်။
"ချစ်တာပေါ့ ငါက သူငယ်ချင်းတွေ အကုန်ချစ်တယ်"
"ငါ့ကို ကူညီမယ်မလား"
"ဘာလဲ"
မီယောင်း ဟန်ဆောင်းနားနားကပ်ပြောလိုက်သည်။ဟန်ဆောင်မျက်လုံးများပြူးကျယ်ကာ မီယောင်းပုခုံးကိုတွန်းပစ်လိုက်သည်။
"အာ ငါမကူညီရဲဘူး"
"ရတယ်လေ မကူညီချင်ရင်"
မီယောင်း စားပွဲပေါ်က ပန်းသီးပန်းကန်ထဲက ခရင်းလေးကောက်ယူလိုက်သည်။ပြီးတော့ သူ့လက်ကောက်ဝတ်သူ ခရင်းနဲ့ကပ်ကာ
"နင်မကူညီရင် ငါ့ကိုယ်ငါ..."
"ဟာနင်ဘာဖြစ်နေတာလဲ မီယောင်း"
"ဂျီမင်က ငါ့ကိုချစ်တာနင်တို့လည်းသိပ်တယ် သူထယ်ယောင်းကိုအနေနီးလို့ စိတ်ယိုင်သွားတာ"