eleven

251 37 24
                                    

ဘောပင်ကို စားပွဲပေါ် ဒေါက်ကနဲ ထားကာ လက်ကိုအပေါ်မြှောက်ကာ အကြောဆန့်ချလိုက်တော့ လမ်းလျှောက်ကာ စာမေးပွဲခန်းစောင့်နေသည့်ဆရာမက လှမ်းကြည့်သည်။

ထယ်ယောင်း ဟီးကနဲ ရယ်ပြကာ မေးခွန်းစာရွက်ကို ပြန်ကောက်ယူလိုက်သည်။မေးခွန်းနံပါတ်နဲ့ ဖြေထားတာတွေ ကိုက်မကိုက်သေချာပြန်စစ်ပြီး ကျေနပ်သည်နှင့် ဘောပင် ခဲတံ ခဲဖျက် ကော်ရက်ရှင် ဘောပင်အိတ်ထဲပြန်ထည့်ကာ မတ်တပ်ရပ်လိုက်သည်။အခန်းထဲမှာ လူတော့သိပ်မကျန်တော့ပေ။ထယ်ယောင်း ဆရာမနား Answer Paper‌သွားထပ်လိုက်သည်။

စားမေးပွဲခန်းထဲကထွက်လာသည်နှင့် ကျောင်းပေါက်ကို မြန်မြန်သုတ်ခြေတင်ကာ ‌လှမ်းလာခဲ့သည်။
မေမေလာကြိုတာဘဲ မေမေက ကားအပြင်ထွက်ကာ ထယ်ယောင်းစောင့်နေသည်။ခါတိုင်းနေ့လည်းဒီလိုဘဲမလား။
ထယ်ယောင်းမေမေ့ဆီ ခပ်သွက်သွက်လျှောက်သွားတော့ ကားနောက်ကနေ ကိုကိုထွက်လာသည်။

"ဟာ...ကိုကို"
မေမေက ပြုံးကာ သားငယ်ခေါင်းလေးသပ်ပေးသည်။ထယ်ယောင်းမေမေ့ကိုတစ်ချက်ပြုံးပြပြီး ကိုကို့ကို နှုတ်ခမ်းကြီး ဆူကာ မျက်စိမှိတ်ပြလိုက်သည်။

"ဖြေနိုင်လား"

"ဂုဏ်ထူးကိုရတယ် ယုံလား"

"အင်း"

မေမေက ထယ်ယောင်းလက်ထဲက ဘောပင်အိတ်နဲ့မေးခွန်းစာရွက်ယူလိုက်သည်။

"သား ထယ်ယောင်း သားကိုကိုနဲ့လိုက်သွား မေမေ့ရုံးကအစည်းအဝေးရှိလို့ သားကိုကိုနဲ့ပြန်လိုက်နော်"

ထယ်ယောင်း အခုမှ ကိုကို့ဆိုင်ကယ်မြင်တာ
ကိုကို scoopy အနက်ကလေးစီးတာ

"ဟုတ်"

မေမေကားထွက်သွားသည်နှင့် ထယ်ယောင်းကိုကို့ဆိုင်ကယ်နားလေးကပ်လိုက်သည်။ကိုကိုက ဆိုင်ကယ်ပေါ်အရင်တက်ပြီးသည်နှင့် ဘတ်မှန်က သူ့ဦးထုပ်သူဆောင်းသည်။ပြီးတော့ နောက်တစ်ဖက်က ချိတ်ထားသည့်ဆိုင်ကယ်ဦးထုပ်လေး ယူကာ ထယ်ယောင်းခေါင်းပေါ်ဆောင်းပေးသည်။မေးသိုင်းကြိုးပါတပ်ပေးနေတာမို့ ထယ်ယောင်းကိုကို့ကို အကြာကြီးငမ်းလို့ရသည်။

ကိုယ့်ရဲ့အကြင်နာသူWhere stories live. Discover now