sixteen

172 31 17
                                    

"အဲဒါနဲ့ တောင်ကြီးပြောင်းမယ်ပေါ့"

ထယ်ယောင်း ယွန်းကို ခေါင်းငြိမ့်ပြလိုက်သည်။ယွန်းကတော့ မကျေနပ်တာ အသေအချာဘဲ မျက်နှာကလေး မဲ့ကာ ထယ်ယောင်းလက်မောင်းလာဖက်သည်။

"နင်က ငါတို့ကို ခွဲနိုင်လိုက်တာ"

"နင်ကလေးဆန်မနေနဲ့ယွန်း အသက်တောင်၁၇ထဲရောက်နေကြပြီ ငါတို့တွေကလေးမဟုတ်တော့ဘူးလေ"

မိုးခကျော်က မိယွန်းကို ဖြောင့်ဖြရသည်။

"ငါတို့ပေါင်းလာတာ ဟိုးငယ်ငယ်ကတည်းကလေ တက္ကသိုလ်လည်းအတူတူဘဲ မေဂျာဘဲမတူကြတာ အခုဟာက သူ့ကိုကိုက မန္တလေးကနေ တောင်ကြီးမှာနေမယ်ဆိုတော့ ဘယ်လိုလဲ"

ထယ်ယောင်းလည်း အဲဒါဘဲ စဉ်းစားနေတာ။ကိုကိုက ဟိုတစ်နေ့ကတည်းက ထယ်ယောင်းကိုစကားလည်းမပြောတော့ဘူး လက်ထပ်မယ့်ကိစ္စတောင် လူကြီးတွေကတစ်ဆင့် ထယ်ယောင်းသိရတာ။

"နင်တို့ငါ့ကို ကူတွေးပေးပါ့လား"

"ဘာကိုလဲ"

မိုးခကျော်က ဒါန်းပေါ်ကထယ်ယောင်းမျက်နှာကိုအကဲခတ်နေသည်။

"ကိုကိုနဲ့ငါ စကားမပြောဖြစ်ကြဘူး လက်ထပ်မယ့်ကိစ္စကိုလည်း ငါဘာမှသေချာမသိရဘူး မေမေပြန်ပြောပြလို့ ဒီမှာ လက်မှတ်ထိုးမယ် ပြီးရင် ကျောင်းပါပြောင်းပြီး တောင်ကြီးသွားနေမယ် အဲဒါဘဲသိတယ် ငါကိုကို့ ကို ဖုန်းဆက်လည်း မကိုင်ဘူး စာပို့လဲ seenမပြဘူး"

"ဟမ်"

"သူကဘာလဲ မင်းနဲ့လက်ထပ်ရမှာ လူကြီးတွေကြောင့်မို့လိုက်လျောလိုက်တယ်ဆိုတာမျိုး ပြချင်တာလား"

"နေပါအုံး မိုးခကျော်ကလည်း ငါမေးပါ့မယ်...ထယ်ယောင်း ကိုကိုနဲ့နင်ဟိုနေ့က လူကြီးတွေမိသွားတဲ့ နေ့တုန်းက စကားပြောဖြစ်လား"

ထယ်ယောင်းခေါင်းခါလိုက်သည်။

"ကိုကို့မျက်လုံးတွေ အဲ့ကတည်းက ငါ့အပေါ်စိမ်းသက်နေတာ ငါ့ကို မင်းနဲ့ငါဆိုပြီး တစ်ခွန်းစနှစ်ခွန်းစပြောရုံဘဲ"

ယွန်းက အသံလေးနှိမ့်ကာမေးလာသည်။

"နင်တို့ အဲ့ညကဖြစ်တုန်းကရော သူကညှင်သာလား"

ကိုယ့်ရဲ့အကြင်နာသူWo Geschichten leben. Entdecke jetzt