twenty seven (final)

300 27 27
                                    

"ဟယ်လို"

တစ်ဖက်က အိပ်ချင်မူးတူးနဲ့ ပြန်ထူးသံကလေးသည် သူ၏ နှုတ်ခမ်းလေး ကော့ညွှတ်ကာ မျက်လုံးလေးများမှေးသွားလောက်အောင်ထိ သဘောကျစေသည်။

"ကလေးလေး အိပ်ပြီလား"

"ဟင့် ထယ်ထယ်အိပ်ချင်လို့ပါဆို ဘာလို့ဖုန်းဆက်နေတာလဲ"

ဂျီမင် နာရီတစ်ချက်လှမ်းကြည့်လိုက်တော့ ည၉နာရီခွဲနေ‌ပြီ။ပြတင်းပေါက်လှမ်းကြည့်တော့ မိုးဖွဲဖွဲ လေးများ ကျကာ မိုးများခြိမ်းလို့။

"အပြင်မှာမိုးတွေခြိမ်းနေတယ်"

အုန်း...

ရုတ်တရက် မိုးများချုန်းကနဲ ဟိန်းသွား၍ ထယ်ယောင်း၏ မျက်ဝန်းများ ပြူးကျယ်ကာ အိပ်နေတာကနေ ထထိုင်လိုက်ရသည်။

"ကိုကို..."

"ဗျ"

"ထယ်ထယ် လာခဲ့မယ်"

"အင်း"

မှတ်မိပါ့ ကိုကို၁၀တန်းစာမေးပွဲဖြေခါနီး ယောင်း အခုလို ကြောက်၍ ကိုကို့အခန်းသွားအိပ်တာလေ။
ကိုကိုသည် ယောင်းအား ကုတင်ပေါ်ထိုင်ကာ စောင့်နေလေသည်။

"ကိုကို"

ယောင်း ပြေးကာ ကိုကို့ပေါ် ခွထိုင်လိုက်၏။ကိုကို၏ လက်သည် ထယ်ထယ်၏ ပါးနှစ်ဖက်ထိန်းကိုင်ကာ ရယ်နေလေသည်။

"ကိုကို့ကလေးလေး"

"ထယ်ထယ်ကြောက်လို့"

"ကိုကိုနဲ့ အတူအိပ်မလား"

ထယ်ယောင်း နှုတ်ခမ်းကြီး ဆူပြလိုက်သည်။

"ဟာဗျာ ကိုကို ဘာလုပ်လို့လဲ"

"ထယ်ထယ် ၈တန်းတုန်းကကြ ဖျာပေါ်အိပ်ခိုင်းပြီး"

"ဟာဗျာ အဲ့တာ ထယ်‌ထယ်လေး ဘာအိပ်တာလေ ကိုကို အဲ့ညက ယောင်းဘေးကွေးကွေးလေး ကပ်အိပ်ခဲ့တာ ယောင်းမသိဘူးလားဟမ်"

"မသိပါဘူး သွား မဖက်နဲ့"

ကလေးငယ်သည် သူပုခုံးကြီးအား တွန်းကာ စိတ်ဆိုးနေလေသည်။သူ့ကိုယ်ပေါ်ထကာ အခန်းထောင့်က ဖျာကြီး ကြမ်းပေါ်ဖြန့်နေလေသည်။

"ယောင်း အဲ့ဒါ ဘာလုပ်မလို့လဲ"

"ဒီမှာ အိပ်မလို့လေ"

ကိုယ့်ရဲ့အကြင်နာသူWhere stories live. Discover now