"သားငယ်.."
မေမေ၏ အော်ခေါ်သံသည် ထယ်ယောင်း၏ ပဲများအလှပြင်နေမှုကို တန့်သွားလေသည်။ယောဂီဝတ်စုံအတိုင်းအင်္ကျီလက်ရှည်အဖြူနှင့်ပုဆိုးအညိုကိုဝတ်ထားပြီး လူကတော့ အသားကုန်ကို အပြတ်ရွှိုင်းထားတာ။
"ထယ်ယောင်းရေ မေမေနောက်ကျတော့မယ်"
မေမေ၏ ဒုတိယအကြိမ် သတိပေးသံကြားမှ ကပျာကယာနဲ့ ထုတ်ထားတဲ့အဝတ်အိတ်ကြီးကို ဇစ်ပြန်ဖွင့်ကာ သေချာပြန်စစ်ရသည်။ကျေနပ်ပြီဆိုမှ အဝတ်တန်းက ယောဂီတဘတ်အညိုကလေး လှမ်းယူကာ ပုခုံးပေါ်တင်လိုက်သည်။အောက်ထပ်ရောက်တော့ မေမေက ထယ်ယောင်းအား မျက်စောင်းကလေးနှင့်ဆီးကြိုလေသည်။
"သားငယ် မင်းတို့လူငယ်တွေလည်းမလွယ်ကြောပါလား ရိပ်သာဝင်မှာ အဲ့လောက်ဖြီးလိမ်းနေစရာလား မေမေတို့ရိပ်သာဆို ဘာသနပ်ခါးအမွှေးနံ့သာမှလူးခွင့်မပေးဘူး ကဲလာ မေမေက ရန်ကင်းတောင်ဘက်က တရားစခန်းသွားရမှာ နောက်ကျတော့မှာဘဲ မေမေနဲ့အတူ တရားစခန်းဝင်ပါ့လား မေမေဖြင့်သားကို စိတ်မချပါဘူး"
"ထယ်ထယ်က ကိုယ့်ဘာကို မိုးခကျော်တို့နဲ့သွားမယ်ပြောထားတယ်လေ မေမေကိုက စိတ်မချနေတာ သားအသက်၁၇နှစ်ရှိပါပြီ"
"စိတ်ချမလား မေမေ့မှာ ဒီသားတစ်ယောက်ရှိတာ ကိုယ့်အမေနဲ့အတူ တရားစခန်းဝင်ဆိုတော့ မဝင်ဘူး"
"မဝင်ချင်ပါဘူး မေမေတို့က လူကြီးတွေကြည့်ဘဲ သားတစ်ယောက်တည်းကြောင်နေမှာပေါ့"
မေမေက ရှေ့ကနေ သွား ထယ်ထယ်က နောက်ကနေလိုက်ပြီး တစ်ခွန်းမကျန် ပြန်ရှင်းပြနေလေသည်။
"သားငယ် ရိပ်သာဝင်မှာလေ တစ်ယောက်တည်းအသက်အရွယ်တူအဖော်မရှိလည်း တရားရိပ်ခိုမှာဘဲလေ"
"ဟင့်အင်းသားက မိယွန်းတို့နဲ့ဘဲ"
မေမေက မနိုင်စိန်ပါလားဆိုသည့် မျက်နှာပေါက်နှင့်ကြည့်ကာ ကားပေါ်တက်လိုက်သည်။ထယ်ယောင်း နှုတ်ခမ်းကလေး ဆူကာ ကိုယ့်စိတ်ကူးကိုယ့်အကြံနှင့်ကိုယ်မို့ မြူးကြွနေမိသည်။ကားပေါ်တက်လာသည်နှင့် မေမေက ခါးပတ်ပတ်ဖို့သတိပေးလေသည်။