twelve

286 34 20
                                    

"ချစ်တယ် ယောင်း....ကိုကိုယောင်းကို ချစ်တယ်"

ထယ်ယောင်းမျက်လုံးလေးတွေဝိုင်းစက်ကာ မျက်ရည်ကြည်လေးများလက်လျက် နှုတ်က ဘာမှပြန်မပြောနိုင်အောင် ဆွံအနေမိသည်။

"ဟေ့ ကလေးလေး ကိုကို့ကို မယုံတာလား"

ထယ်ယောင်း ခေါင်းကလေးခါကာ မျက်ရည်လေးတွေ လက်ဖမိုးနဲ့ပွတ်သပ်လိုက်ရသည်။

ဂျီမင် ကလေးငယ်ကိုယ်လေးဆွဲယူကာ ရင်ခွင်ထဲထည့်လျက်နှစ်သိမ့်ပေးရသည်။

"ကိုကို ယောင်းကိုချစ်နေတာ ကြာပြီ"

ထယ်ယောင်းကိုကို့ကိုမော့ကြည့်လိုက်သည်။ဂျီမင် ကလေးငယ် ဆံပင်လေးတွေသပ်ပေးမိ၏။ ကလေး‌‌ လေးနဖူးပေါ် နှုတ်ခမ်းလေးထိလိုက်တော့ ကလေးငယ်ဟာ မျက်ဝန်းလေးတွေ မှိတ်လိုက်လေသည်။

"ဆီဖိုး တစ်ထောင့်ငါးရာ ပေးမယ်မလား"

ထယ်ယောင်း ခေါင်းငြိမ့်လိုက်သည်။ကိုကို့ ခါးကိုလည်းဝိုက်ကာ ပြန်ဖက်ထားလိုက်ပြီး ရင်ခွင်ထဲ ပါးအပ်ကာ ငြိမ်နေမိတော့သည်။

"ကိုကိုက ယောင်း အရွယ်ရောက်တဲ့အထိစောင့်နေတာမို့ အခုမှပြောရတာပါ ကိုကို ယောင်းကို ကိုကို ၉တန်းနှစ်ကတည်းက ချစ်ခဲ့တာ အဲ့တုန်းကယောင်းက တအားငယ်သေးတာကို ပြီးတော့ ကိုကိုအ နေနီးလို့ယောင်းကိုချစ်မိသွားတာမဟုတ်ဘူးနော် ဒိအတိုင်းကိုချစ်တာ ပြောရရင်ယောင်းဖြစ်နေလို့ကိုကိုချစ်တာ"

"ဒါပေမယ့် ကိုကိုက တအားအနေတည်တာ"

"အနေတည်ရမယ်လေ ကိုကိုက ယောင်းအားကိုးရမယ့်ယောင်း အိမ်ထောင်ဦးစီးကောင်းတစ်ယောက်ဖြစ်လာမယ့်သူဘဲ ယောင်းကိုကို့ကို ခပ်ပေါပေါ ဆက်ဆံမှာ ကိုကိုမလိုလားပါဘူး"

ထယ်ယောင်း စိတ်ကလေးထဲ သိမ်မွေ့စွာ ကြည်နူးမိပါသည်။ဘာတဲ့ ယောင်းရဲ့အိမ်ထောင်စီးတဲ့လား

ထယ်ယောင်း ကိုကို့ ရင်ခွင်ထဲက ထွက်လိုက်သည်။ပြီးတော့ စိတ်မဆိုးပေမယ့် မျက်စောင်းကလေး အလကားသပ်သပ် ထိုးကာ

"ဘယ်သူက ယူမယ်ပြောလို့ အိမ်ထောင်ဦးစီးတော်ရမှာလဲ"

ကိုကိုရယ်သည်။ထယ်ယောင်းနှာခေါင်းကလေးကိုလည်း ခပ်ဖွဖွလေး ဆွဲကာ နဖူးလေးချင်း ထိစပ်ထားလေ၏။

ကိုယ့်ရဲ့အကြင်နာသူWhere stories live. Discover now