"သားငယ် ခဏလာအုံး"
ထယ်ယောင်း စာမကျက်ချင်တာနဲ့အတော်ဘဲ ဝရံတာမှာ ပျင်းရိ ယိုင်ရွဲ့ပြီး စာကျက်ရတာ ဘယ်လောက်ပင်ပန်းသလဲ
ကျေးဇူးပါ မေမေ သားလာပြီ
စာအုပ်ကို အပေါ်ထပ်က ဧည့်ခန်းက ဆိုဖာမှာပစ်တင်ကာ အောက်ထပ်ကိုဆင်းသည်။မေမေက ခြံထဲမှာမို့ ခြံထဲကိုပြေးသွားလိုက်သည်။
"လာ ပန်းအိုးလေးတွေရွှေ့ပေး"
ထယ်ထယ် ဒီလောက်ကတော့ အပင်ပန်းခံနိုင်ပါသည်။မေမေ သယ်ခိုင်းသည့် ပန်းအိုးကြီး ခြံထောင့်ကပ်ပေးလိုက်သည်။မေမေက ခရင်းလေးကိုင်လို့ ထိုပန်းအိုးထဲက မြေလေးတွေ ဆွနေသည်။
"ထယ်ထယ် ဘာလုပ်ပေးရအုံးမလဲ"
မေမေက ပြုံးကာ
"သွားရေပိုက်နဲ့ ရေဖျန်း"
"ဟုတ်"
ခြံထောင်က ပိုက်ကို ရေပိုက်ခေါင်းနှင့်ဆက်ကာ ပိုက်ကြီး ဆွဲယူလာလိုက်သည်။
ခြံထဲက အပင်တွေ ရေဖျန်းလို့ကောင်းတုန်း ကိုကို အပြင်က ပြန်လာသည်။ကိုကိုက ဘယ်သွားတာပါလိမ့်
ကိုကို့လက်ထဲမှာလည်း ဖိုင်အိတ်ကြီး ကိုင်ထားသေးတယ်။
ကိုကိုက သူ့ဆီ တန်းလာတာမို့ သူပြုံးပြလိုက်သည်။
"ရေဖျန်းနေတာလား မေမေလေးရော"
ထယ်ယောင်း မေးလေးငေါ့ကာ မေမေ အပင်မြေဆွနေသည့်နေရာ လှမ်းပြလိုက်သည်။ကိုကိုက ထယ်ယောင်းကို ပြုံးပြကာ ခေါင်းကလေး အသာသပ်တာမို့ ထယ်ယောင်း လေးထောင့်သဏ္ဌန်အပြုံးလေး ပြန်ပေးလိုက်သည်။
"ကိုကို မနက်ဖန် အဆောင်သွားတော့မှာ"
ပြုံးနေသည့် မျက်နှာကလေး တည်သွားမိသည်။
ကိုကိုစနေတာမလား ဟင့်အင်း မဟုတ်ဘူး ကိုကို့မျက်လုံးတွေက အတည်ပြောနေတာ"ကိုကိုက ထယ်ထယ်တို့အိမ်မှာမနေဘူးလား"
"ကိုကိုက သူစိမ်းလေ ထယ်ယောင်း အချိန်တန်ရင်ခွဲရမှာဘဲမလား"
ထယ်ယောင်း မျက်ရည်ကလေးဝဲမိသည်။ဂျီမင် မြင်ပေမယ့် မေမေလေးဘက်ကိုသာ လျှောက်သွားလိုက်သည်။