eight

238 39 20
                                    

"မေမေလေး"

မေမေလေးသည် ဧည့်ခန်းမှာ ရှုပ်ပွနေသည့် တိုလီထွာလီလေးတွေကို သန့်ရှင်းရေးလုပ်နေသည်။အဝတ်တွေ ခေါက်ကာ မောနေတာလည်းပါမည်။ကြက်မွှေးကိုင်ကာ ဆိုဖာကိုသုတ်နေသည်။

"သား ဂျီမင် လာ"

မေမေလေးဘေးသူဝင်ထိုင်လိုက်သည်။အပေါ်ကိုတစ်ချက်လှမ်းကြည့်တော့ မေမေလေးက သဘောပေါက်ကာ ဂျီမင့်ပုခုံးလာဖက်သည်။

"ထယ်ထယ် စိတ်ဆိုးနေပြန်ပြီလား သူငိုလာတယ် ဘာဖြစ်ကြတာလဲ"

ဂျီမင် ပြောပြရခက်သည်။

"သူဂျီကျနေတာပါ"

မေမေလေးက ဂျီမင့်မျက်နှာကို အကဲခတ်သည်။ဂျီမင်လည်း မနေတတ်ပေ။တစ်ဖက်မျက်နှာ လွှဲကာနေလိုက်ရသည်။

"သားမွေးနေ့မလား"

အခုမှ အသက်ရှူချောင်တော့သည်။ဘာ‌ ပြောရမှန်းမသိ‌နေတာ။ ဟုတ်ပါရဲ့ မေမေလေးကို ကန်တော့ဖို့အစီစဉ်ရှိပေမယ့် ထယ်ယောင်းကိုစိတ်ပူတာနဲ့ မေ့နေတာ

"ဟုတ်တယ်မေမေလေး သားမေမေလေးကို ကန်တော့မယ်နော်"

သူကျောပိုးအိတ်ထဲက မေမေလေးသောက်ရသည့်ဆေးတွေပုလင်းလိုက်ဝယ်လာတာမို့ ထုတ်ကာ ‌စားပွဲပေါ်တင်လိုက်သည်။မေမေလေး က ချိုသာစွာ ပြုံးကာ

"မလိုပါဘူးသားရယ် မေမေက မေတ္တာဓာတ်နဲ့တင်နွေးထွေးနေပါပြီ"

ဂျီမင် ကြမ်းပေါ်ဒူးထောက်ကာ မေမေလေးကို ကန်တော့လိုက်သည်။

"အခုလိုသိတတ်တဲ့ ကလေး အန္တရာယ်ကင်းဘေးရှင်းကာ လိုအင်ဆန္ဒတွေ ပြည့်ပါစေကွယ်"

"ဟုတ်ကဲ့"

ဂျီမင် အပေါ်ထပ်တက်လာလိုက်သည်။ထယ်ယောင်း စာသင်နေတာမို့ အသာကလေး တက်လိုက်သည်။

"Mole တွေ moleculesပုစ္ဆာ တွေ တွက်ထားလား ထယ်ယောင်း"

ထယ်ယောင်း ခေါင်းလေးငြိမ့်ကာ ဆိုဖာပေါ်ချထားသည့် စာအုပ်လေး ကောက်ယူကာ ဆရာမကိုပြလိုက်သည်။မျက်လုံးက ဘာရယ်မဟုတ်ဘူး လှေကားထိပ်ရပ်နေသည့် ကိုကို့ကို မြင်သွားမိသည်။

"ကိုကို..."

ထယ်ယောင်း တအားငိုထားတာသိသာသည်။မျက်နှာကြီးရဲကာ လူလေးက နွမ်းလျနေသည်။

ကိုယ့်ရဲ့အကြင်နာသူWhere stories live. Discover now