twenty one

220 32 20
                                    

ထယ်ယောင်း အိမ်ပြန်ရောက်တော့လည်း မျက်နှာကလေး လန်းနေသည်။လန်းဆို ကိုကိုက messageပို့ထားတာကိုး

'ကိုကို့ကလေးလေး မန္တလေး ပြန်ရောက်ပြီလား'

'ကိုကိုက အများကြီးချစ်တယ်နော်'

ဧည့်ခန်းထဲမှာအိတ်တွေ ဒီအတိုင်းကြီးချကာ ဆိုဖာပေါ်ထိုင်ရင်းပြုံးစိစိလုပ်နေမိသည်။ဖုန်းလေးကိုကြည့်ကာ ပြုံးလိုက် ပါးစပ်ကို လက်နှင့်အုပ်ကာ ရယ်လိုက်နှင့် ခြေထောက်ကို ခုံပေါ်ကနေအသာ မြှောက်ကာ လှုပ်ယမ်းလိုက်နှင့် မျောက်အုန်းသီးရနေသလိုပင်။

'ထယ်ထယ် မန္တလေး ပြန်ရောက်ပြီ အများကြီးလွမ်းတယ် ထယ်ထယ်ကိုကို့ကို တွေ့ချင်လိုက်တာ'

ထယ်ယောင်းစာရိုက်ပြီး ပြန်ဖျက်လိုက် ပြန်ရေးလိုက်နှင့် လုပ်နေတုန်း မေမေက သူ့အခန်းထဲက ထွက်လာသည်။

"ဟယ်‌တော် အခုထိအိမ်ပေါ်မတက်သေးဘူးလား"

မေမေ့အသံကြားတော့ ထယ်ယောင်း လန့်ကာ လက်က sentခလုတ်လေးနှိပ်မိသွားသည်။ဖုန်းကို အမြန်ပိတ်ကာ မေမေ့ကို သွားလေးစိပြီး မျက်နှာချိုသွေးလိုက်တာဘဲ။

"ဘာတွေ ဒီလောက်ပျော်နေတာလဲ"

ထယ်ယောင်း ချက်ချင်းထကာ အိတ်တွေကောက်ယူပြီး အပေါ်ထပ်တက်ဖို့ပြင်လိုက်မိသည်။

"နေအုံး"

ထယ်ယောင်းရင်တွေ တဒုတ်ဒုတ်နှင့် မေမေ သိသွားပြီလား စိုးရိမ်နေမိသည်။

"မိယွန်းနှင့် မိုးခကျော် ဖုန်းဆက်တယ်"

ထယ်ယောင်း မိယွန်းဆိုတာ ကြားသည်နှင့် မျက်နှာပျက်သွားသည်။မေမေကထယ်ယောင်းမျက်နှာထား သေချာအကဲခတ်ကာ စကားဆက်သည်။

"သူတို့ကို စိတ်မဆိုးနေနဲ့ သူတို့က သူငယ်ချင်းကောင်းတွေလေ မင်းကိုကိုက မကောင်းခဲ့လို့ မေမေတို့က အခုလိုလုပ်ရတာ"

"သားသူတို့နဲ့မတွေ့ချင်ဘူး ခရီးပန်းနေတယ်မေမေ"

မေမေက မျက်စောင်းကလေးထိုးကာ ထယ်ယောင်းနားရောက်လာသည်။ထယ်ယောင်း ခေါင်းကလေးကိုလည်းအသာသပ်ပေးပြန်၏။

ကိုယ့်ရဲ့အကြင်နာသူWhere stories live. Discover now