Sleep🤍

854 20 0
                                    

Sleep

ရှင့်ရဲ့ရင်ခွင်မှာငြိမ်းချမ်းစွာအိပ်စက်ခွင့်ရတဲ့အခိုက်အတန့်ဟာ ကျွန်မအတွက်သိပ်ကိုတန်ဖိုးကြီးလွန်းတယ်ဆိုတာသိရဲ့လား။

အဲ့ဒီလိုသာနေ့ရက်တိုင်းမှာအိပ်စက်ခွင့်ရမယ်ဆိုရင် အိမ်မက်ဆိုးတွေကိုကာကွယ်ဖို့ (ဒါမှမ‌ဟုတ်) ကောင်းမွန်တဲ့အိမ်မက်တွေကိုဖမ်းယူဖို့ ကျွန်မအတွက် Dream Catcher မလိုအပ်ဘူးဆိုတာကိုရော ရှင်သိပါရဲ့လား။

ရှင့်ရဲ့ရင်ခွင်ကကျွန်မအတွက် အိမ်မက်ဆိုးတွေကိုကာကွယ်ပေးသလို အိမ်မက်လှလှလေးတွေကိုလည်းဖန်တီးပေးနိုင်တယ်လေ။

ကျွန်မအိပ်စက်မယ့်အချိန်တိုင်းမှာ ရှင်ဖက်ထားပေးဖို့ပဲလိုအပ်တာ။ကျွန်မကိုရှင့်ရဲ့ရင်ခွင်ထဲမှာတင်းကျပ်နေအောင်ဖက်ထားပေးစမ်းပါ။ဘယ်တော့မှမလွှတ်လိုက်ပါနဲ့နော်။

အဲ့ဒါ‌ရှင့်ကိုသိပ်ချစ်လွန်းလို့.........။

Avery Yint Han

To My GirlfriendWhere stories live. Discover now