Missingly🤍

149 4 0
                                    

Missingly

အလွမ်းဝေဒနာက သိပ်ခံရခက်တာသိလားချစ်သူ။

အလုပ်အရမ်းများတတ်တဲ့ချစ်သူကိုပိုင်ဆိုင်ထားရတာ တစ်ခါတစ်လေသိပ်ပင်ပန်းတယ်လို့ခံစားရတယ်။ဒါပေမယ့် ပင်ပန်းတယ်လို့လည်း မညည်းညူရက်ပါဘူး။

ရှင်ကကျွန်မပိုင်ဆိုင်သမျှအရာရာထက်အရေးပါတယ်မဟုတ်လား။ရှင့်အတွက်ကြိုးစားပေးနေရတာတွေကို ပင်ပန်းတယ်လို့ညည်းတွားမိရင် ရှင့်ကိုငြိုငြင်ရာရောက်သွားမှာပေါ့။

ရှင်နဲ့ပတ်သက်သမျှအရာရာကို ကျွန်မ မငြိုငြင်ရက်ပါဘူး။ပိုပြီးတိတိကျကျဝန်ခံရရင် ရှင်နဲ့ပတ်သက်သမျှအရာရာကို ကျွန်မရဲ့နှလုံးသားကမြတ်မြတ်နိုးနိုးကြည်ဖြူနေခဲ့မိတာပါ။

အဲ့လိုကြည်ဖြူမိတဲ့အတွက် ရှင်ပေးတဲ့ဝေဒနာတွေက ကျွန်မကိုအဆုံးစီရင်ကြမယ်ဆိုရင်တောင် ထပ်ပြီးကြည်ဖြူနေဦးမှာပါပဲ။

အခုမနက်အိပ်ရာနိုးလာတဲ့အချိန် ကျွန်မအနားမှာရှင်ရှိမနေခဲ့တော့ ကျွန်မအရမ်းငိုချင်တာပဲသိတယ်။အလုပ်တွေများတတ်တဲ့ ကျွန်မရဲ့ကောင်မလေးက ထုံးစံအတိုင်းကျွန်မကိုမနက်ခင်းနှုတ်ဆက်စကားလေးမပြောပဲထွက်သွားပြန်ပြီပေါ့လို့ တစ်ယောက်ထဲတွေးရင်းရှင့်ကိုတမ်းတမိတယ်။

ရှင်ကိုလွမ်းတယ်ပြောရင် ရှင်ပြန်ပြောဦးမယ်။"မင်းကိုလက်ထပ်ထားတာလေ။မင်းကကိုယ့်ကိုပိုင်ဆိုင်တယ်။မင်းကကိုယ့်ရဲ့မိန်းမ မဟုတ်လား။နေ့ရက်တိုင်းမှာကိုယ်တို့အတူတူရှိနေတာကိုလေ။ထပ်ပြီးလွမ်းစရာလိုသေးလား။ကိုယ်ရှိတယ်....ကိုယ်ရှိတယ်။မင်းရဲ့အနားက ‌ပျောက်မသွားဘူး"အဲ့လိုမျိုးတွေ ရှင်ကျွန်မကိုပြန်ပြောမှာသိ‌နေတော့ ကျွန်မတစ်ယောက်ထဲပြုံးမိပြန်တယ်။

ကျွန်မပြောချင်တာက ကျွန်မရဲ့ဘေးနားက တစ်စက္ကန့်လောက်ရှင်ပျောက်သွားခဲ့ရင်‌တောင်လွမ်းရလွန်းလို့ ကျွန်မရဲ့နှလုံးခုန်သံတွေရပ်တန့်သွားနိုင်တာသိရဲ့လား။

အဲ့လိုမျိုးရှင့်ကိုနင့်နင့်သီးသီးလွမ်းနေရပေမယ့် ရှင်ကပျော်ရွှင်နေတယ်တဲ့။ရှင်ပျော်ရွှင်ခဲ့ရတဲ့အချိန်တွေအကြောင်းကို ရယ်မောရင်းကျွန်မကိုပြောပြနေလေရဲ့။

တစ်နေကုန်ရှင့်ကိုကျွန်မလွမ်းနေရပေမယ့် ရှင်ပျော်ရွှင်‌နေခဲ့တယ်ဆိုပါလား။ရှင်ပျော်ရင်ကျွန်မလည်းပျော်တာပေါ့။

ရှင်ကကျွန်မကိုပွေ့ဖက်ရင်း တစ်နေကုန်သူငယ်ချင်းတွေနဲ့ပျော်ရွှင်ရတဲ့အကြောင်းပြောပြနေတယ်။ရှင့်ကိုပြန်ပြီးတင်းတင်းကျပ်ကျပ်လေး ပွေ့ဖက်ထားမိရင်း ကျွန်မလည်းရှင်နဲ့အတူတူလိုက်ပါရယ်မောမိခဲ့တယ်။

ရှင်ကိုအရာရာကြည်ဖြူပါတယ်။ဘယ်လိုအခြေအနေမျိုးကိုမဆိုကြည်ဖြူတယ်။

ရှင့်ကိုဖက်ထားပြီး ရှင်နဲ့အတူတူရယ်မောရင်းကျွန်မရှိနေခဲ့တာ။ရှင့်ကိုလွမ်းနေခဲ့ရလို့ ကျွန်မရဲ့ရင်ဘတ်တွေအရမ်းအောင့်နေပေမယ့်လည်းပေါ့။

Avery Yint Han

To My GirlfriendWhere stories live. Discover now