Sick🤍

100 3 0
                                    

Sick

အဲ့ဒီနေ့က မိုးတွေသည်းထန်နေခဲ့တယ်။

သူမ.......။

ဟုတ်တယ်......ကျွန်မအတွက်သူမက နှလုံးသားနယ်နိမိတ်ကိုဗဟိုပြုပြီးတစ်နာရီ၁၅၀၀ကီလိုမီတာနှုန်းနဲ့ တိုက်ခတ်နိုင်တဲ့မုန်တိုင်းတစ်ခုကို သယ်ဆောင်ပေးခဲ့တဲ့ လေဖိအားနည်းရပ်ဝန်းတစ်ခု.......။

သူမနဲ့တွေ့ရှိခဲ့ရပြီးနောက် ကျွန်မရဲ့ကမ္ဘာငယ်လေးထဲမှာ အနောက်တောင်မုတ်သုန်လေတွေနဲ့အတူမိုးရာသီတစ်ခုခပ်ကြမ်းကြမ်းဖြတ်ပြေးသွားခဲ့တယ်။

အဲ့ဒီမိုးရာသီလေးဆောင်ယူလာတဲ့မိုးစက်တွေက အေးစက်ပြီးနာကျင်မှုတွေနဲ့အတူ ကျွန်မရဲ့ဘဝတစ်လျှောက်မစဲတော့တဲ့ မိုးညများစွာအဖြစ်ရှိနေခဲ့တာပေါ့။

သူမရဲ့မိုးရာသီထဲမှာပါဝင်လာတဲ့အေးစက်စက်မိုးရေစက်တွေက ကျွန်မကိုနာမကျန်းဖြစ်စေတယ်လေ။မကြာခဏဖျားနာတတ်လာတဲ့ကျွန်မကိုသူမက သနားသွားတယ်ထင်ပါရဲ့။

ကျွန်မကိုသူမရဲ့ရင်ခွင်ထဲထည့်ထားပြီး အေးစက်နေတဲ့မိုးရေစက်တွေရဲ့အန္တရာယ်က ကာကွယ်ပေးလာခဲ့တယ်။သူမရဲ့ရင်ခွင်ကမြတ်နိုးစရာမို့ ကျွန်မ‌နှစ်သက်တတ်လာတယ်။

ကျွန်မရဲ့နှလုံးသားလေးမိုးမိပြီး နာမကျန်းဖြစ်မှာကိုစိတ်ပူတယ်မဟုတ်လား။အဲ့ဒါဆိုရင်ရှင့်ရဲ့ရင်ခွင်ထဲမှာဒီထက်ပိုပြီးခပ်တင်းတင်းလေးဖက်ထားပေးစမ်းပါ....။

အဲ့ဒီမိုးရာသီလေးရဲ့ရင်ခွင်ရပ်ဝန်းထဲမှာတော့ မိုးမရွာတာမို့လို့ ကျွန်မဖျားနာဖို့မလိုအပ်တော့ဘူးလေကွယ်။

Avery Yint Han

To My GirlfriendWhere stories live. Discover now