Possessive🤍

53 4 0
                                    

Possessive

အဲ့ဒီကောင်မလေးရဲ့မျက်လုံးလေးတွေက သိပ်လှတာ။သူမမှာအညိုရောင်မျက်ဝန်းလေးတွေကိုမျက်တောင်ရှည်ရှည်လေးတွေဝိုင်းရံထားတဲ့မျက်လုံးဝိုင်း‌ဝိုင်းလေးတစ်စုံရှိနေခဲ့တာလေ။

ပခုံးကိုထိနေတဲ့အတိုအရှည်မတူညီပဲကပိုကရိုကျနေတဲ့ဆံနွယ်အိအိလေးတွေက အဲ့ဒီကောင်မလေးကိုကျွန်မချော့သိပ်တိုင်းကြင်နာစွာသပ်တင်ပေးနေကျမြတ်နိုးဖွယ်လေးတစ်ခုပေါ့။

သူမရဲ့ပါးပြင်လေးတွေကိုကိုင်တွယ်ရင်း နှုတ်ခမ်းလေးကိုနမ်းရှိုက်မိတိုင်းကျွန်မကိုတယုတယနဲ့ပြန်လည်နမ်းရှိုက်တတ်တဲ့ သူမရဲ့နှုတ်ခမ်းဖူးဖူးလေးက ပန်းနုရောင်သန်းနေတတ်သေးတာ။အဲ့ဒီနှုတ်ခမ်းလေးကပဲ ကျွန်မကိုအကြင်နာစကားတွေနဲ့အတူသီချင်းတွေဆိုပြတတ်ပြန်‌ရော.....။

အခုလည်းသူမက ကျွန်မအတွက်သံစဉ်တစ်ခုကိုဖန်တီးနေလေရဲ့။ကျွန်မသိပ်ကြိုက်တဲ့သံစဉ်တစ်ပုဒ်ပေါ့။စန္ဒယားခလုတ်တွေပေါ်ပြေးလွှားနေကြတဲ့သူမရဲ့လက်ချောင်းဖြူဖြူသွယ်သွယ်လေးတွေကို မြတ်နိုးလိုက်တာ။

သံစဉ်တစ်ပုဒ်ကိုတီးခတ်ပြရင်းကျွန်မနဲ့အတူတူရှိနေတာလေ။အဲ့ဒီအခိုက်အတန့်လေးဟာ သိပ်ကိုတန်ဖိုးကြီးလွန်းတာမို့လို့ ခပ်မြန်မြန်ခုန်‌နေတဲ့ကျွန်မရဲ့နှလုံးသားလေးကိုလက်ကလေးနဲ့ဖိထားရင်း မျက်ရည်ဝဲလာမိတယ်။သူမကိုချစ်ရလွန်းလို့ပါ။

သူမကရုတ်တရက်ကျွန်မကိုလှမ်းကြည့်ရင်း ကျွန်မမျက်ရည်ဝဲနေတာကိုမြင်‌တော့ 'ဟေး......ငိုပြန်ပြီလား....မငိုရဘူးလေကွာ။ကိုယ်မကြိုက်ဘူးနော် ကလေး'တဲ့။ကျွန်မစိတ်ထဲမှာ‌ပြောမိတယ်။ရှင့်ကိုချစ်ရလွန်းလို့မျက်ရည်ဝဲလာမိတာပါလို့...။

ကျွန်မရဲ့ခံစားချက်တစ်ချို့ကိုမြိုသိပ်မထားနိုင်တဲ့အဆုံးမှယသူမကိုခပ်တိုးတိုး‌လေးစကားတစ်ခွန်းဆိုမိတယ်။ကျွန်မက ဒီလိုအခိုက်အတန့်လေးတွေဆုံးရှုံးရမှာကြောက်လို့ဆိုပြီးပြောမိတော့ 'မင်းလေးအနားမှာ ကိုယ်အမြဲရှိတယ်နော် ကလေး။မင်းကကိုယ့်ရဲ့မိန်းမဖြစ်‌နေတာကို‌မေ့သွားတာလား' တဲ့။

ဟုတ်သားပဲ......ကျွန်မကိုသူမရဲ့ဇနီးအဖြစ်သိမ်းပိုက်ထားခဲ့တာကြာခဲ့ပြီကို....။နေ့ရက်တိုင်းမှာသူမနဲ့အတူတူရှိခွင့်ရမှာသေချာနေတဲ့အတွက်ကျွန်မစိတ်မပူသင့်ဘူးမဟုတ်လား။

ကျွန်မကိုပိုင်ဆိုင်သိမ်းပိုက်ထားတဲ့ကျွန်မသိပ်ချစ်ရတဲ့အမျိုးသမီးလေးဆီက လက်ခံရရှိတဲ့ချစ်ခြင်းတွေကို သူမဖန်တီးထားတဲ့သံစဉ်တွေနဲ့အတူပွေ့ပိုက်ထားခွင့်ရတဲ့အခိုက်အတန့်က သိပ်ရင်ခုန်ဖို့ကောင်းလွန်းတာပဲကွယ်။

Avery Yint Han

To My GirlfriendWhere stories live. Discover now