Chain🤍

52 4 0
                                    

Chain

စားပွဲပေါ်မှာအကြိုက်ဆုံးNote Bookလှလှလေးတစ်အုပ်ပွင့်လျှက်သားရှိနေတဲ့အခိုက်အတန့်‌ကိုကြည့်ရင်းထိုမြင်ကွင်းကငြိမ်သက်လှပနေတဲ့ကဗျာတစ်ပုဒ်နဲ့တူသလိုကျွန်မခံစားမိတယ်။

ဖန်ခွက်လှလှလေးထဲမှာထောင်ထားတဲ့အနက်ရောင်မှင်နဲ့ဘောပင်လေးကိုကျွန်မလှမ်းယူလိုက်မိတယ်။ဘောပင်ကိုလက်ထဲမှာကိုင်ထားရင်း စာမရေးသေးပဲထိုင်နေမိရင်း အတွေးစတစ်ချို့ကပြန့်ကျဲနေခဲ့တယ်ဆိုပါတော့။

ပတ်ဝန်းကျင်ကအသံတွေဆူညံမနေပဲတိတ်တိတ်ဆိတ်ဆိတ်လေးရှိနေလေရဲ့။အဲ့ဒီအခိုက်အတန့်မှာတိုက်ခတ်နေတဲ့‌လေပြေတွေကိုသတိထားမိလာတယ်။လေပြေ‌လေးတွေကသဘောကျစရာကောင်းတာပဲလို့တွေးရင်း မျက်လုံးလေးမှိတ်ပြီးကျွန်မခံစားနေမိတယ်။

အဲ့ဒီလေပြေတွေကကျွန်မရဲ့ဆံနွယ်တွေကိုခပ်သဲ့သဲ့ဖြတ်တိုက်သွားတဲ့အခါဆံနွယ်တွေဆီကမွှေးရနံ့တစ်ချို့ကိုရှူရှိုက်မိလိုက်ရပြီးစိတ်ထဲမှာငြိမ်းချမ်းသွားရတယ်။

အဲ့ဒီလေပြေလေးကြောင့်ပဲ ပတ်ဝန်းကျင်ကအပူငွေ့တွေတဖြည်းဖြည်းလျော့နည်းလာတယ်။နေရတာသက်တောင့်သက်သာရှိလာသလိုခံစားရတယ်။

ပြုံးလိုက်မိရင်းစာအုပ်ထဲမှာစာသားလေးတွေချရေးဖို့စတင်ကြိုးစားလိုက်တယ်။အဲ့ဒီအချိန်မှာပဲ အနောက်ကသိုင်းဖက်လာတဲ့လက်တစ်စုံကြောင့်ပြန်လှည့်ကြည့်မိတော့ ကျွန်မရဲ့နှုတ်ခမ်းလေးမှာခပ်နွေးနွေးအထိအတွေ့ကိုရုတ်တရက်ခံစားလိုက်ရတယ်။ကျွန်မရဲ့ကောင်မလေးက ကျွန်မရဲ့နှုတ်ခမ်းကိုရုတ်တရက်နမ်းလိုက်ပြန်ပြီပဲ။

'အဲ့လိုအပြုအမူမျိုးကိုလုပ်ပြန်ပြီ'လို့ပြောဖို့ပြင်မိတဲ့ကျွန်မရဲ့နှုတ်ခမ်းလေးကိုသူမထပ်ပြီးနမ်းရှိုက်လိုက်တယ်။

ကျွန်မကသူမရဲ့နှုတ်ခမ်းတွေကိုတားဆီးလိုက်မိတော့ သူမကရယ်မော‌ရင်း'ကိုယ့်ကလေးလေးကို ကိုယ်ပိုင်ဆိုင်ကြောင်းတံဆိပ်လေးတွေကပ်ပေးတာလေ မိန်းမရဲ့'လို့ပြောရင်း ကျွန်မကိုခပ်တင်းတင်းဖက်ထားခဲ့တယ်။

သူမကလေ ပိုင်ဆိုင်ခြင်းဆိုတဲ့အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး အမြဲတမ်းမာန်တက်ဂုဏ်ဆာနေတတ်တာ။ကျွန်မကိုသူမရဲ့အပိုင်အဖြစ်သိမ်းပိုက်ထားပါတယ်ဆိုပြီးလည်း ခဏခဏသတိပေးတတ်သေးတာလေ။သူမကကျွန်မကိုလက်ထပ်ထားတာပဲ။အဲ့ဒါကျွန်မကိုသူမပိုင်ဆိုင်ကြောင်းသိသာနေတဲ့အချက်ပဲမဟုတ်လား။

ဟိုအရင်အချိန်တစ်ချို့ကဆို တဖွဖွပြောတတ်သေးတဲ့ သူမရဲ့စကားတွေရှိသေးတယ် 'ကိုယ့်ရဲ့အချစ်က အတ္တကြီးတယ် ကလေး။ကိုယ်ပိုင်ဆိုင်တဲ့အရာကိုသော့ခတ်သိမ်းထားရမှကျေနပ်တာ'တဲ့။

အဲ့လိုသိမ်းဆည်းဖို့ဆိုရင် သက်မဲ့ပစ္စည်းတွေမှအဆင်ပြေနိုင်မယ်မဟုတ်လား။
လူတစ်‌ယောက်ကိုအိမ်ထဲမှာသော့ခတ်သိမ်းထားဖို့ဘယ်လိုဖြစ်နိုင်ပါ့မလဲ။

ဒါပေမယ့်လေ ကျွန်မကလူသားတစ်ယောက်ဖြစ်နေပေမယ့် သူမရဲ့သိမ်းဆည်းခြင်းကိုခံယူရမယ်ဆိုရင် ကြည်ဖြူပေးဖို့ဆုံးဖြတ်ထားခဲ့တာ။အဲ့ဒါကိုသိသားနဲ့ကောင်မလေးရယ်။ရှင်တဖွဖွသတိပေးတတ်တဲ့ ရှင့်ရဲ့အတ္တကြီးတဲ့ချစ်ခြင်းတွေကို ကျွန်မ မေ့သွားလိမ့်မယ်ထင်လို့လား။

စိတ်ချပါ ကောင်မလေး။ကျွန်မကိုရှင့်ရဲ့ပိုင်ဆိုင်မှုအဖြစ်ထာဝရသိမ်းဆည်းထားနိုင်ပါတယ်။ကျွန်မရဲ့ရှင်သန်ခြင်းထက် အဲ့ဒီကောင်မလေးကိုပိုမိုမက်မောမိတာမို့လို့....။

အဲ့ဒီလိုကြည်ဖြူမိတဲ့ကျွန်မကိုသူမက သံကြိုးတွေနဲ့ချည်နှောင်ပစ်လိုက်တယ်ဆိုရင်ရော......။

"အို....ကျွန်မရဲ့ခြေချင်းဝတ်တစ်ဖက်မှာ သံကြိုးရာတွေစွဲထင်သွားခဲ့ပါရောလားကွယ်"

Avery Yint Han

To My GirlfriendUnde poveștirile trăiesc. Descoperă acum