Bae.....!!🤍

48 4 0
                                    

Bae.....!!

"ကလေးရေ...."

မနက်မိုးလင်းလို့မျက်လုံးမဖွင့်ရသေးခင်ကျွန်မကြားနေကျသူမရဲ့ခေါ်သံလေးရယ်ပါ။

နေ့ရက်တိုင်းမှာကျွန်မကိုအဲ့လိုနှိုးတတ်ပေမယ့်တကယ်ဆိုဒီနေ့သူမဆီမှာအရေးကြီးအလုပ်ကိစ္စတွေအများကြီးရှိနေတာလေ။အဲ့ဒါကိုအလုပ်မသွားသေးပဲအိပ်ရာမထသေးတဲ့ကျွန်မကိုအချိန်ကုန်ခံပြီးဂရုစိုက်ဖို့ကြိုးစားနေပြန်ပါပြီ။

သူမရဲ့ယုယကြင်နာမှုတွေကိုရလိုက်တိုင်းစကြာဝဠာကြီးကိုကျွန်မကျေးဇူးတင်မိတယ်။သူမကိုဖြစ်တည်ခွင့်ပေးခဲ့လို့ စကြာဝဠာကြီးကိုတကယ်ကျေးဇူးတင်တယ်။

ကျွန်မကိုပွေ့ဖက်လှုပ်နှိုးနေတဲ့အဲ့ဒီကောင်မလေးရဲ့ရင်ခွင်ထဲကိုတိုးဝင်လိုက်ရင်း 'ရှင့်ကိုချစ်တယ်'လို့တိုးတိုးလေးပြောမိတော့ 'အများကြီးပိုချစ်တယ်ကလေးရယ်'တဲ့။

သူမကိုပိုပြီးတင်းကျပ်နေအောင်ပွေ့ဖက်ရင်းငြိမ်နေမိတာအချိန်တစ်ခုကြာသွားခဲ့တယ်လေ။

အာ....အာ....‌နေဦး....ကျွန်မသိပ်ချစ်ရတဲ့ရှင့်အတွက် ကော်ဖီပူပူလေးတစ်ခွက်ဖျော်ပေးရမယ်။

ဟာ....မဟုတ်သေးဘူး။ကော်ဖီပူပူလေးလို့မပြောချင်ဘူး။ကော်ဖီနွေးနွေးလေးဖျော်တိုက်မယ်နော်။

ကော်ဖီအရမ်းပူနေရင် ကျွန်မချစ်သူရဲ့နှုတ်ခမ်းလှလှလေး အပူလောင်မှာစိုးရိမ်လို့။ကော်ဖီပူပူတွေကိုနွေးနွေးလေးဖြစ်တဲ့အထိဂရုစိုက်အအေးခံပြီးမှ ရှင့်ကိုတိုက်မယ်။

အဲ့လိုပြောပြီးအိပ်ရာထဲကလူးလဲထမိတော့ သူမကကျေကျေနပ်နပ်ရယ်မောလေရဲ့။'ပိုပြန်ပြီ ကလေးရယ်'ဆိုတဲ့မျက်နှာပေးနဲ့ပေါ့။

သူမအတွက်ကော်ဖီဖျော်ပေးနေကျမို့ သူမအကြိုက်ကိုသိနေပြီးသားကျွန်မက အကောင်းဆုံးကော်ဖီလေးတစ်ခွက်ကိုသူမအတွက်ဖျော်ပေးမိတယ်။

ဟာကွာ.....သူမကကျွန်မဖျော်ပေးတဲ့ကော်ဖီကိုသောက်ရင်းကျွန်မရယ်မောရအောင် ဟာသတွေပြောနေပြန်ပါပြီ။

ကျွန်မရဲ့ကောင်မလေးကသူအလုပ်များတဲ့ရက်ဆို ကျွန်မအနားမှာအချိန်မပေးနိုင်တာများတယ်။အဲ့လိုအချိန်ဆိုသူမကိုအရမ်းလွမ်းပြီး ကျွန်မငိုနေတတ်တာ။အဲ့ဒါကိုသိတတ်လွန်းတဲ့သူမက ကျွန်မကိုဟာသတွေနဲ့နှစ်သိမ့်ပေးနေကျလေ။ကျွန်မသဘောပေါက်တာပေါ့။အခုလည်း အလုပ်ကိစ္စတွေရှိနေလို့သွားရမယ့်သူမက ကျွန်မကိုအချိန်ပေးရင်းကြင်နာယုယနေတာ။သိပ်မြတ်နိုးဖို့ကောင်းတဲ့ကျွန်မရဲ့ကောင်မလေးပါပဲ။

ဒီစာသားလေးတွေက ဒီနေ့ကျွန်မကို အလုပ်ရှုပ်နေတဲ့ကြားကအချိန်ပေးကြင်နာနေတဲ့ကျွန်မရဲ့တစ်ဦးထဲသောပိုင်ဆိုင်သူကြီးအတွက်.......။

Avery Yint Han

To My GirlfriendKde žijí příběhy. Začni objevovat