Art

36 3 0
                                    

Art

"ဘာတွေလုပ်နေတာလဲ Honeyရယ်"

စိုးရိမ်တကြီးစကားဆိုမိရင်းကျွန်မရဲ့ကောင်မလေးကိုပွေ့ဖက်တားဆီးမိတယ်။သူမက ပန်းချီဆွဲထားတဲ့စာရွက်တွေနဲ့ ပန်းချီဆွဲတဲ့ပစ္စည်းတွေကိုဒေါသတကြီးစားပွဲပေါ်ကတွန်းချနေတာလေ။

"မုန်းတယ်။ကိုယ်ဘယ်တော့မှပန်းချီမဆွဲတော့ဘူး ကလေး"

သူမရဲ့ပါးစပ်ကလည်း ပန်းချီမဆွဲတော့ဘူးလို့ ဒေါသတကြီးအော်ဟစ်နေခဲ့‌တယ်။ကျွန်မရဲ့ကောင်မလေးကိုစိတ်မချနိုင်စွာနဲ့ပွေ့ဖက်တားဆီးနေမိတယ်။

အဲ့ဒီအချိန်မှာပဲကြမ်းတမ်းနေတဲ့သူမရဲ့အပြုအမူတွေကြောင့်ကျွန်မရဲ့လက်ကလေးက စာကြည့်စားပွဲနဲ့ခိုက်မိသွားတယ်။သူမကချက်ချင်းပဲပြာယာခတ်သွားတာပေါ့။

သူမကကျွန်မကိုအရမ်းချစ်တာလေ။ကျွန်မကိုထိခိုက်မိမှာသိပ်စိုးရိမ်တတ်တာ။ကျွန်မကိုထပ်ပြီးထိခိုက်မိမှာစိုးလို့အော်ဟစ်ရုန်းကန်နေတာကိုချက်ချင်းရပ်လိုက်တယ်။ပြီးတော့ဆိုဖာ‌ေပါ်မှာသွားထိုင်လိုက်ရင်းငြိမ်သက်သွားခဲ့တယ်။ကျွန်မလည်းသူမဘေးမှာထိုင်လိုက်ရင်း မေးခွန်တွေမေးမိတာပေါ့။

"ဘာဖြစ်လို့ဒေါသကြီးနေရတာလဲ Honeyရယ်"လို့သူမကိုကျွန်မရဲ့ရင်ခွင်ထဲဆွဲသွင်းထားရင်း ကျွန်မမေးမိတယ်။

ဇွတ်အတင်းပွေ့ဖက်ရင်းစိုးရိမ်တကြီးရှိနေတဲ့ကျွန်မရဲ့‌အခြေအနေကြောင့်သူမကအရာရာကိုသတိပြန်ဝင်လာဟန်တူပါရဲ့။သူမကိုဖက်ထားတဲ့ကျွန်မရဲ့လက်ကလေးနှစ်ဖက်ကိုဆွဲဖြုတ်လိုက်ရင်းကျွန်မရဲ့ခန္ဓာကိုယ်လေးကိုသူမရင်ခွင်ထဲဆွဲသွင်းလိုက်တယ်လေ။

ပြီးတော့ သူမကပြောတယ်။"ကိုယ့်ရင်ခွင်ထဲပဲနေစမ်းပါကလေးရယ်။မင်းလေးကသေးသေးကွေးကွေးလေးနဲ့ ကိုယ့်ခန္ဓာကိုယ်ကြီးနဲ့အဆင်မပြေပါဘူးကွာ"ဆိုပြီး......။

တကယ်လည်း ဟုတ်တာပဲ။ကျွန်မရဲ့ခန္ဓာကိုယ်ကသူမရဲ့ခန္ဓာကိုယ်နဲ့ယှဉ်လိုက်ရင်အရမ်းသေး‌ငယ်လွန်းတယ်လေ။သူမက နေ့တိုင်းGym‌ေဆာ့ပြီး တောင့်တင်းကြံခိုင်တဲ့ခန္ဓာကိုယ်ကိုပိုင်ဆိုင်ထားတာ။အခုကျွန်မကသူမကိုဖက်ထားပေးပေမယ့် ကလေးသေးသေးလေးကလူကြီးကိုဖက်ထားသလိုပဲဖြစ်နေတာကိုး.....။

To My GirlfriendWhere stories live. Discover now