Kiss

46 4 0
                                    

Kiss

သူမကဂစ်တာတစ်လက်နဲ့ကျွန်မအကြိုက်ဆုံးသီချင်းတစ်ပုဒ်ကိုတီးခတ်ပြရင်းသီချင်းဆိုနေခဲ့တယ်။သူမကိုမြတ်မြတ်နိုးနိုးလေးကြည့်ရင်း ကျွန်မပြုံးမိတယ်လေ။

အာ.....တစ်ခုတော့ရှိတယ်။အဲ့တစ်ခုပဲ.........သီချင်းတစ်ပုဒ်ကိုဘယ်တော့မှတစ်ပုဒ်လုံးအလွတ်မရဘူး။တီးလုံးတွေသာအဆုံးသတ်သွားမယ်။သီချင်းစာသားကတစ်ကြောင်းနှစ်ကြောင်းအပြင်ပိုမဆိုနိုင်ဘူးလေ။တစ်ချို့သီချင်းတွေဆိုသီချင်းနာမည်ပဲဆိုတတ်တဲ့ကျွန်မရဲ့ကောင်မလေးရယ်ပါ။

အဟင်း......အခုတစ်လောတော့သူမတိုးတက်လာတယ်။အစအဆုံးဆိုပြတာသီချင်းနှစ်ပုဒ်ရှိသွားပြီ။ကျွန်မအတွက်ရှင်ကြီးရဲ့ကြိုးစားအားထုတ်မှုတွေက အံ့အားသင့်ပြီးမြတ်နိုးဖွယ်ကောင်းလိုက်တာHoneyရယ်။

သူမဂစ်တာတီးပြနေတာကိုနားထောင်မိနေတဲ့အခိုက်မှာကျွန်မရဲ့နှလုံးသားဒိုင်ယာရီလေးမှာရေးမှတ်ထားတဲ့သူမနဲ့ပတ်သက်သမျှအကြောင်းအရာတစ်ချို့ရှိနေတဲ့စာမျက်နှာလေးတွေကိုတစ်ရွက်ချင်းပြန်လည်ဖတ်ရှုမိလာတယ်။

ကျွန်မကကျွန်မရဲ့ကောင်မလေးကိုအရာရာပြီးပြည့်စုံပြီးသိပ်ကိုထက်မြက်လွန်းတဲ့သူယောက်အဖြစ်ကျွန်မရဲ့နှလုံးသားထဲမှာအသိအမှတ်ပြုထားမိခဲ့တာ။

သူမကစကားပြောကောင်းလွန်းတယ်။အံ့အားသင့်ဖွယ်ကောင်းပြီးထူးခြားတဲ့စကားလုံးလေးတွေပြောတတ်တဲ့သူမက ကျွန်မရဲ့နှလုံးခုန်ရပ်သွားမတတ်စကားလုံးတွေနဲ့လည်းဖြားယောင်းတတ်သေးတာ။

တစ်ချို့သောအချိန်တွေမှာသူမက ကျွန်မကိုစန္ဒယားတီးပြတတ်ပြန်တယ်။အဲ့ဒီလိုစန္ဒယားတီးတဲ့အခါ ကျွန်မအမြဲတမ်းနားထောင်တတ်တဲ့သံစဉ်တစ်ခုရှိတယ်။အဲ့တစ်ပုဒ်ထဲကိုပဲထပ်ခါထပ်ခါနားထောင်ခဲ့တာ။

သူမကကျွန်မအရမ်းကြိုက်တဲ့အဲ့ဒီသံစဉ်ကိုထပ်ခါထပ်ခါတီးပြရင်း ကျွန်မကို "ဒီတစ်ခုထဲကိုထပ်ခါထပ်ခါနားထောင်ရတာမပျင်းဘူးလားကလေး"လို့လည်းမေးခွန်းထုတ်တတ်သေးတယ်။

"ပျင်းစရာလား"လို့ရန်တွေ့ပစ်လိုက်ရင်း ကျွန်မထပ်ပြောမိတာတယ်။

တကယ်နှစ်သက်မြတ်နိုးမိတဲ့အရာအပေါ်မှာပျင်းရိသွားတယ်လို့မရှိဘူး။တကယ်လို့တစ်ခုခုကိုထပ်ခါထပ်ခါလုပ်ရင်းပျင်းရိငြီးငွေ့သွားတယ်ဆိုရင် ရှင်နဲ့ကျွန်မလက်ထပ်ဖြစ်မှာမဟုတ်ဘူးလေ။ရှင်နဲ့ကျွန်မက နေ့ရက်တိုင်း၊နာရီတိုင်း၊စက္ကန့်တိုင်းမှာ ထပ်ခါထပ်ခါချစ်မြတ်နိုးကြင်နာရင်း အတူတူရှိခဲ့ကြတာမဟုတ်လား။

ထပ်ခါထပ်ခါဖြစ်နေတဲ့ဖြစ်စဉ်တွေကိုပျင်းရမယ်ဆိုရင်ရှင့်ကိုထပ်ခါထပ်ခါချစ်နေရတဲ့အတွက်ကျွန်မပျင်းသွားမှာပေါ့ အဲ့လိုမဖြစ်ခဲ့ဘူးလေ။အဲ့ဒါကိုရှင်ကြီးမစဉ်းစားနိုင်ဘူးလား။

သူမကိုဆက်တိုက်ရန်တွေ့ပစ်မိတော့သူမကရယ်မောလိုက်ရင်းကျွန်မနှုတ်ခမ်းကိုအနမ်းတစ်ချို့နဲ့ပိတ်ပစ်လိုက်တယ်။

ဒီကောင်မလေးက အမြဲအဲ့ဒီလိုပဲ။ကျွန်မစိတ်ဆိုးစိတ်ကောက်တာဖြစ်ဖြစ်၊ငိုတာဖြစ်ဖြစ်၊ကြောက်နေတာပဲဖြစ်ဖြစ်၊နှစ်ယောက်သားရန်ဖြစ်နေတာပဲဖြစ်ဖြစ်၊နောက်ဆုံးကျွန်မရယ်မောနေရင်တောင်မှပေါ့.....ရုတ်တရက်ကြီးနှုတ်ခမ်းကိုအနမ်းခြွေတတ်တာ။ကျွန်မကိုသူမက အရမ်းချစ်လွန်းလို့ဆိုပြီး ကျွန်မရဲ့ကိုယ်လေးကိုသူမရဲ့ရင်ခွင်ထဲနစ်ဝင်နေအောင်ဖက်ထားရင်းအနမ်းတွေပေးတတ်တဲ့သူလေ။

အဲ့လိုဆိုတော့ ရန်တွေ့နေတဲ့ကျွန်မကဘာဆက်ပြောနိုင်တော့မလဲ။သူမခြွေနေတဲ့အနမ်းတွေအောက်မှာသက်ဝင်ခံစားရင်းငြိမ်သက်သွားရတော့တာပေါ့။အဲ့လောက်အထိသူမကကျွန်မကိုလွှမ်းမိုးနိုင်လွန်းတာလေ။

"ငြိမ်ငြိမ်နေစမ်းပါကလေးလေးရယ်။မင်းလေးကိုထိခိုက်နာကျင်စေမယ့် ဒေါသတွေ၊ငိုကြွေးခြင်းတွေ၊ကိုယ့်ကိုရန်တွေ့ခြင်းတွေလုပ်နေမယ့်အစား ကိုယ့်နှုတ်ခမ်းကိုနမ်းနေစမ်းပါ"ဆိုပြီးအမြဲတမ်းပြောတတ်တဲ့ကောင်မလေးကို ဖက်ထားမိရင်းအခုကျွန်မတွေးမိနေတာက......Honeyကိုပိုင်ဆိုင်ခွင့်ရတဲ့အတွက်ကျွန်မအသက်ရှင်သန်ရကျိုးနပ်နေပြီလို့......။

Avery Yint Han

To My GirlfriendUnde poveștirile trăiesc. Descoperă acum