မောင့်ရဲ့သျှား (အပိုင်း-၁)

2.4K 48 2
                                    

မောင့်ရဲ့သျှား (အပိုင်း-၁)

"ဟင်းးးးးးးးးးးးး"
သျှား ကျောင်းတော်ကြီးကိုကြည့်ရင်းအဆင်ပြေပါ့မလားဆိုတဲ့အတွေးလေးနဲ့သက်ပြင်းလေးချမိသွားတယ်။ဟုတ်ပါတယ် သျှားကခုမှဒီကျောင်းကိုပညာသင်ဆုနဲ့ပြောင်းလာတဲ့ကျောင်းသားသစ်တစ်ယောက်ပါ။သျှားလိုအညတရသာမန်ကောင်လေးတစ်ယောက်က ဒီလိုသူဌေးတွေချည်းသီးသန့်တက်တဲ့ ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းကိုကြည့်ရင်း သက်ပြင်းချနေရတာတော့သျှားအမှားမဟုတ်ပေ။သျှားလည်းအတွေးတို့ကိုလက်စသတ်ကာ ကျောင်းကြီးထဲသို့ခြေလှမ်းတွေတစ်လှမ်းချင်းလှမ်းရင်းလျှောက်လာခဲ့တယ်။ကျောင်းဝင်းအတွင်းမှာတော့သျှားသဘောကျတဲ့သစ်ပင်ပန်းပင်တွေမှာအပြည့်ပဲ။တစ်ချို့သစ်ပင်အကြီးတွေအောက်မှာဆိုရင် ခုံတန်းလေးတွေရှိတယ်။ ဒါ့အပြင်အဖြူရောင်ကျောင်းတော်ကြီးကလည်းမြင်ရတာနဲ့ပင်စိတ်ထဲအေးချမ်းစေပါတယ်။သျှားလည်းကျောင်းအလှအပတွေကိုငေးမောရင်းသူတက်ရမဲ့အခန်းကိုလိုက်ရှာနေမိတယ်။
မျက်လုံးဝိုင်းဝိုင်းလေးနဲ့ပါးဖောင်းဖောင်းနဲ့ပါဝါမျက်မှန်အကြည်လေးကိုပနံသင့်စွာတပ်ဆင်ထားတဲ့ သျှားလွန်းပိုင်ကို ကျောင်းထဲစဝင်လာကတည်းကကြည့်နေတဲ့ ခေတ်မင်းထွဋ်။ ခေတ်မင်းတစ်ယောက် ညောင်ပင်ကြီးအောက်ထိုင်နေရင်း ကျောင်းပေါက်ဝကိုရုတ်တရက်ကြည့်မိလိုက်တော့ ဖြူဖြူလုံးလုံးလေးနဲ့ကလေးလေးသဖွယ်ချစ်ဖို့ကောင်းတဲ့ သျှားကိုကြည့်ရင်း ငေးမောနေမိတယ်။ မျက်မှန်အောက်ကမျက်ဝန်းလေးတစ်စုံဟာလည်းအရောင်တလက်လက်လေးနဲ့ကြယ်လေးတွေသဖွယ်။လက်ချောင်းသွယ်သွယ်လေးတွေကလည်းထိမိရင်တောင်မလွှတ်ချင်တော့သလိုပင်။ခေတ်မင်းတစ်ယောက် သျှားအလှမှာမျောနေတာ သူ့သူငယ်ချင်းတွေခေါ်တာပင်မကြားလောက်အောင်အထိဖြစ်မိတယ်။
"ခေတ်မင်း ခေတ်မင်း ဟေ့ကောင်ခေတ်မင်း"
"ဟမ် ဘာ ဘာလဲကွာ"
"မင်းကွာ ငါတို့ခေါ်နေတာ ဖင်မှာလိပ်ခေါင်းထွက်တော့မယ် ဘယ်တွေငေးနေတာတုန်း"
"ဘယ်မှမငေးပါဘူးကွ"
"ဟျောင့် လိမ်မနေနဲ့ မင်းဟိုအဖြူလုံးလေးစဝင်လာကတည်းက ငေးနေတာ ငါတို့သိတယ်"
"ဟာ မင်းတို့ကလည်း"
"ဘယ်လိုလဲ သူ့ကိုလည်းအရင်လူတွေလိုအပျော်ပဲလား ဟျောင့် မလုပ်ကောင်းဘူးနော် သူ့ပုံစံကဖြူဖြူစင်စင်လေး"
"ဒီတစ်ခါတော့ငါ့နှလုံးသားလေးကအချစ်စစ်နဲ့တွေ့သွားပြီကွာ ငါသူ့ကိုတကယ်ချစ်မိသွားပြီ"
"ဟာ ဟေ့ကောင် ကြည့်ကြပ်လုပ်အုံး"
"တကယ်ကွ ဒါမဲ့ သူ့ကိုငါကအရင်လူတွေလို မလူပ်ဘူး သေသေချာချာ သူ့နှလုံးသားထဲနေရာရအောင်ဖြေးဖြေးချင်း လုပ်ယူမယ်"
ခေတ်မင်းစကားကြောင့် သူ့သူငယ်ချင်းတွေလည်း သက်ပြင်းသာခိုးချနေကြတယ်။ဟုတ်သည်လေ ခေတ်မင်းထွဋ်ဆိုတာမိန်းကလေးသာမက ယောက်ျားလေးတွေကြားမှာပါရေပန်းစားတဲ့သူတစ်ယောက်။စာတော်သလောက် ရုပ်နဲ့မလိုက်အောင်ဆိုးသွမ်းသူ ရည်းစားဆိုတာကလည်းတစ်နေ့တစ်ယောက်ကိုအဝတ်လဲသလိုထည်လဲတွဲသူ။သူတွဲတာမိန်းကလေးသာမက ယောက်ျားလေးပါပါတာ။ဒါမဲ့ဇာတ်လမ်းကတော့သူ့ဘက်ကစခဲ့တာမဟုတ်။ဟိုဘက်ကလာစတာချည်း။တွဲရင်လည်း ၂၄နာရီတစ်ရက်ပြည့်တာနဲ့ဖြတ်ရော။မိဘအသိုင်းအဝိုင်းကလည်းပြောစရာမလိုတော့ပျိုတိုင်းရော လူပျိုတိုင်းရောကြိုက်တဲ့နှင်းဆီခိုင်ဖြစ်နေတာပေါ့။ခုလည်းအဖြူ‌လုံးကျောင်းသားသစ်ကိုကြည့်ပြီး ဘာတွေကြံနေပြီလဲမသိ စိတ်လေပါတယ် ဒီကောင်နဲ့။ ဒါပေမဲ့ သူတို့တွေးနေသလို ခေတ်မင်းကမလုပ်ဘူးဆိုတာတော့ သူတို့မသိခဲ့ပေ။
"အဖြူလေးရေ ကိုယ်ကမင်းဆီကိုတစ်လှမ်းချင်းလျှောက်လာမှာမို့ မင်းကစောင့်နေပေးနော် ချစ်မိသွားပြီကွာ"


#Akvi

မောင့်ရဲ့သျှား (Complete)Where stories live. Discover now