မောင့်ရဲ့သျှား (အပိုင်း-၁၃)

681 20 0
                                    

ခေတ်မင်းလည်းသျှားအတွက် ထမင်းနဲ့ဟင်းကိုရော သျှားစားချင်တဲ့ရှောက်သီးသုပ်လေးကိုယူ‌လာပေးလိုက်တယ်။သျှားလည်းသူစားချင်တာကိုခေတ်မင်းကကျွေးတော့ ပျော်ပျော်ကြီးစားနေလိုက်တယ်။ဘေးကဂျီလီကတော့ ခေတ်မင်းနဲ့သျှားကိုမကျေနပ်မနာလိုတဲ့အကြည့်တွေနဲ့ကြည့်နေလိုက်တယ်။
တကယ်ဆိုအဲ့ကောင်နေရာမှာငါဖြစ်ရမှာ။ခေတ်ဂရုစိုင်ရမှာလဲငါ့ကိုပဲသျှားလွန်းပိုင်။ခေတ်ချစ်ရမှာလည်းငါ့ကိုပဲ။ကြည့်နေ နင်တို့နှစ်ယောက်ကိုမရရအောင်ငါခွဲပြမယ်။အခုတော့ပျော်ထားလိုက်ကြအုံးပေါ့ အဟက်။ဝမ်းနည်းစရာအချိန်တွေကမကြာခင်ရောက်လာတော့မှာပါဟာ။ကျွတ် ကျွတ် နင်ကအရမ်းသနားစရာကောင်းတယ်သျှားလွန်းပိုင်။ဒီပွဲမှာနင်ကခေတ်ရဲ့ချစ်သူဖြစ်နေကတည်းကကို အပြစ်ဖြစ်နေတာပဲ။ ဂျူလီတစ်ယောက်လည်းစိတ်ထဲမှာအကြံဆိုးတွေထုတ်ရင်းမဲ့ပြုံးပြုံးနေလိုက်တယ်။
ဒါပေမဲ့ဘယ်သူသိနိုင်မှာလဲ။အဝေးကနေသျှားကိုအချစ်ရိပ်တွေပြည့်နေတဲ့မျက်လုံးတွေနဲ့ကြည့်နေတဲ့ လူရှိနေမယ်ဆိုတာ။
ကလေး ဘာလို့ကိုယ့်ကိုမစောင့်ရတာလဲကွာ။ကိုယ်ကကလေးကိုချစ်ဖို့နောက်ကျသွားပြီလားဟင်။မဖြစ်ရဘူးနော်။ကလေးကို ကိုယ်ရအောင်ပြန်လာယူမှာ။ကလေးက ဘယ်သူ့အပိုင်ဖြစ်ဖြစ်စိတ်မဝင်စားဘူး။ ခေတ်မင်းထွဋ် မင်းကြပ်ကြပ်သတိထားနေ။ငါ့ညီမကိုလုပ်ခဲ့တာတွေအတွက် မင်းပြန်ပေးဆပ်စေရမယ်။ငါသေချာပေါက်မင်းကိုကလဲ့စားချေမှာ။
ထိုလူဟာ ခေတ်မင်းကိုလည်းကလဲ့စားချေဖို့အငြိုးမျက်ဝန်းတွေနဲ့ကြည့်နေသလို  သျှားကိုအပိုင်ရဖို့အတွက်လည်း ရမ္မက်တွေပြည့်နေတဲ့မျက်ဝန်းတွေနဲ့ကြည့်နေမိတယ်။

(ဘယ်သူများလဲ ဒါဒါတို့ 🤔 နောက်ထပ်ဗီလိန်ပေါ်လာမှာလား🤔)

ရဲငြိမ်းအောင်တစ်ယောက် ပြုံးပျော်နေတဲ့ခေတ်မင်းနဲ့သျှားကိုကြည့်ရင်း ရင်ဘတ်ထဲမှာကမ္ဘာတွေပျက်နေမိသည်။ ဟုတ်ပါတယ် သူသည် သျှားကို သျှားမေမေရဲ့ဆိုင်ကလေးတွင် လာကူနေတာကိုမြင်ကတည်းက စိတ်ဝင်စားခဲ့တာပါ။စင်စစ်ရဲငြိမ်းအောင်မှာ အသက်၂၅နှစ်ရှိပြီဖြစ်တဲ့ YN company CEO တစ်ယောက်ပါ။ သျှားကိုစတွေ့ခဲ့တဲ့အချိန်မှစ၍သျှားနောက်ကနေပြီးသျှားကိုကာကွယ်စောင့်ရှောက်ပေးခဲ့တယ်။ ဒါပေမဲ့ကံကြမ္မာကပဲသူ့ကိုမျက်နှာသာမပေးခဲ့တာလားမသိဘူး။သူခရီးထွက်သွားတာ၄လလောက်ရှိပြီ။ဒီကြားထဲသျှားရဲ့သတင်းတွေနဲ့အဆက်အသွယ်ပြတ်သွားခဲ့တယ်။သူပြန်လာလို့သျှားအကြောင်းပြန်စုံစမ်းကြည့်တော့သျှားမှာချစ်သူရှိသွားပြီတဲ့။ပြီးတော့အဲ့ဒီသူဟာလည်းသူ့ရန်သူတော်။ဟုတ်တယ် ရဲငြိမ်းအောင်ညီမဟာ ခေတ်မင်းကိုစွဲလမ်းတဲ့စိတ်ကြောင့်နဲ့ ကိုယ့်ကိုကိုယ်သတ်သေခဲ့တယ်။
တကယ်ကခေတ်မင်းအမှားမဟုတ်ပါဘူး။ဖြစ်ပုံကဒီလိုပါ။ရဲငြိမ်းအောင်ညီမ ငြိမ်းသူအောင်ဟာအလွန်ရိုးအေးလွန်းသူပါ။ပြီးတော့အတန်းထဲမှာစာလည်းအလွန်တော်ပါတယ်။ရုပ်ရည်ကလည်းမြင်သူတကာကြည့်လိုက်တာနဲ့အေးချမ်းစေတဲ့ရုပ်ကလေးပါ။ဘယ်သူကထင်မှာလဲ။ဒီလိုရိုးအေးလွန်းတဲ့ငြိမ်းသူအောင်မှာ သူသိပ်ချစ်ရတဲ့crush ရှိနေမယ်ဆိုတာ။အဲ့ဒီ crush ဆိုတာကလည်း ခေတ်မင်းပါပဲ။တစ်နေ့သူ‌ချစ်နေတာကိုခေတ်မင်းအားဖွင့်ပြောပြခဲ့တယ်။ဒါပေမဲ့ ခေတ်မင်းငြင်းလိုက်ပါတယ်။ခေတ်မင်းငြင်းလိုက်ရတဲ့အတွက်ခိုင်လုံတဲ့အကြောင်းပြချက်လည်းရှိပါတယ်။တကယ်ကခေတ်မင်းငြင်းလိုက်တဲ့အကြောင်းရင်းကငြိမ်းသူအောင်ဟာဖြူစင်ပြီးရိုးသားလွန်းတဲ့သူမို့လို့ပါ။ခေတ်မင်းတွဲခဲ့တဲ့သူတွေဆိုတာက တစ်ဖက်သားအပေါ်မောက်မာတတ်တဲ့သူ စိတ်ဓာတ်ညံ့ဖျင်းတဲ့သူတွေကိုတမင်သက်သက်နောင်တရအောင်ကစားပေးခဲ့တဲ့သဘောပါ။ဒါပေမဲ့ ငြိမ်းသူအောင်ကတော့ဒါတွေနားမလည်ပဲ ခေတ်မင်းကိုပဲအစွဲအလမ်းကြီးပြီး ကိုယ့်ကိုကိုယ်အဆုံးစီရင်သွားတာပါ။အကြောင်းအရာတွေကိုအလုံးစုံမသိတဲ့ ရဲငြိမ်းအောင်ကတော့ သူ့ညီမကို ခေတ်မင်းကအပျော်ကစားခဲ့လို့ခုလိုတွေဖြစ်ခဲ့တာဆိုပြီး ခေတ်မင်းအပေါ်အမုန်းတရားတွေပွားနေတော့တယ်။အခုကတော့ ကျောင်းကိုအလှူငွေကိစ္စနဲ့လာရင်း သျှားကိုတွေ့လို့ ကြည့်နေမိတာပါ။

ကဲ အဖြစ်အပျက်ကိုရှင်းပြပြီးပြီဆိုတော့ဇာတ်လမ်းပြန်စမယ်နော်။

ခေတ်မင်းနဲ့သျှားလည်းစားလို့သောက်လို့ပြီးတော့စာသင်ခန်းထဲပြန်လာခဲ့တယ်။အခန်းထဲဆရာကမရောက်သေးတော့ သျှားကစာတွေပြန်ကြည့်နေပေမဲ့ ခေတ်မင်းကတော့ထုံးစံအတိုင်းသျှားမျက်နှာကိုပဲတစိမ့်စိမ့်ထိုင်ငေးနေတယ်။တစ်ဖက်ကဂျူလီတစ်ယောက်ကလည်းလက်သီးဆုတ်ကလေးတင်းရင်းမျက်ထောင့်နီကြီးနဲ့ ဘီလူးမသံပုရာခြမ်းကိုက်ထားသလိုကြည့်နေတာပေါ့။

ထိုစဉ်သျှားတစ်ယောက်ချွေးစေးတွေပြန်လာကာ မျက်နှာကလည်းပျက်လာတော့တယ်။မျက်ရည်တွေလည်းတစ်ပေါက်ပေါက်ကျလာပြီး လက်နီစ်ဖက်ကလည်းဗိုက်ကိုပဲဖိနှိပ်ထားတော့တယ်။သျှားကိုအမြဲအကြည့်မပျက်တဲ့ခေတ်မင်းလည်းသျှားပုံစံကိုမြင်တော့ စိတ်တွေပူလာကာ

"သျှား ဘာဖြစ်တာလဲသျှား မောင့်ကိုပြောလေ"

"သျှား ဗိုက်အောင့်တယ်မောင်"

"ဟာ"

#Akvi

မောင့်ရဲ့သျှား (Complete)Where stories live. Discover now