မောင့်ရဲ့သျှား (အပိုင်း-၁၅)

584 19 0
                                    

ခေတ်မင်းတစ်ယောက် ဆရာဝန်နဲ့စကားပြောပြီးတာနဲ့ သျှားရှိနေတဲ့အခန်းထဲကိုဝင်လာခဲ့တယ်။အခန်းထဲဝင်လာတာနဲ့တွေ့လိုက်ရပါပြီ သူ့အသည်းအသက်ကလေး။ လက်လေးမှာဆေးပိုက်လေးနဲ့နှာခေါင်းမှာလည်းအောက်ဆီဂျင်တပ်ထားရပါသေးသည်။မျက်နှာကလေးကလည်းဖြူဖတ်ဖြူရော်လေးနဲ့။နှုတ်ခမ်းလေးဟာလည်းခါတိုင်းလိုစိုစိုလေးဖြစ်မနေပဲရေဓာတ်မပြည့်ဝလို့ခြောက်သွေ့သွေ့ကလေးဖြစ်နေတော့သည်။ သူလည်းသျှားလက်ကလေးကိုဆုတ်ကိုင်ရင်းမျကါရည်တွေတဖန်ပြန်ကျလာကာ တောင်းပန်စကားပဲအထပ်ထပ်အခါခါဆိုနေမိသည်။
ယောက်ျားလေးတစ်ယောက်ဟာသန်မာရမယ်လို့ခေတ်မင်းအမြဲယူဆထားသလိုပင်။ခုချိန်တွေတော့သူ့ယူဆချက်တွေကိုပင် မတွေးတောနိုင်တော့။သျှားနဲ့ပတ်သက်လာလျှင်သူ့ခံစားခိက်တွေဟာအမြဲနူးညံ့ပျော့ပြောင်းနေစမြဲပါ။တစ်ပါးသူတွေရှေ့မှာဘယ်လောက်ပဲခက်ထန်ခက်ထန် သျှားရှေ့ကိုရောက်ပြီဆိုသူ့ရဲ့ခက်ထန်နေတဲ့မျက်နှာတောင်ချက်ချင်းအပြုံးတို့ဖြစ်တည်စမြဲပါ။ဒါဟာသျှားအပေါ်မှာသူထားနိုင်တဲ့အချစ်စစ်အချစ်မှန်ပဲ။ဘယ်သူ့ဆီကိုမှမပေးခဲ့တဲ့သူ့အချစ်ကိုသျှားတစ်ယောက်တည်းဆီကိုပဲသူပေးခဲ့တယ်။သျှားဟာသူ့အတွက်လမ်းပြပေးနိုင်တဲ့အလင်းရောင်ပဲ။
အကယ်၍သျှားသာလမင်းကြီးဆို သူကလမင်းကြီးဘေးနားကဝန်းရံခစားနေတဲ့ကြယ်လေးပဲဖြစ်မှာ။ဒါတွေအားလုံးက သျှားအပေါ်ထားတဲ့သူ့ရဲ့အချစ်စစ်အချစ်မှန်ကိုဖော်ကြူးပြသလိုက်တာပဲ။သူတွေးနေတုန်းမှာပဲ သျှားလက်လေးတွေလှုက်လာကာ မျက်လုံးတွေဖြေးဖြေးချင်းပွင့်လာပြီး

"မောင်"

ကြားလိုက်ရပါပြီ။ နေမကောင်းတဲ့ကြားကတောင်သူ့ကိုအားပြုပြီးခေါ်လိုက်တဲ့အသံလေးက "မောင်"တဲ့။ ခေတ်မင်းခမျာ သူ့ကမ္ဘာကြီးတောင်ခဏလေးရပ်တန့်သွားသလိုပဲ။သူလည်းမျက်ရည်တွေကြားကပြုံးလိုက်ကာ

"ဗျာ သျှား မောင့်ရဲ့သျှားလေး သတိရလာပြီလား ဘယ်နားနာနေသေးလဲ ပြော မောင့်ကိုပြောပါအုံး မောင့်အသည်းလေးရယ်"

"ရေ ရေဆာတယ်မောင်"

"ရေသောက်ချင်တာလား တိုက်မှာပေါ့ မောင့်အသည်းလေးကို"

မောင့်ရဲ့သျှား (Complete)Where stories live. Discover now