မောင့်ရဲ့သျှား (အပိုင်း-၁၁)

669 18 2
                                    

ခေတ်မင်းတစ်ယောက်ကျောင်းကိုမရောက်ခင် လမ်းတစ်ဝက် လူရှင်းတဲ့နေရာလေးမှာဆိုင်ကယ်ကိုနားလိုက်တယ်။သျှားလည်းကြောင်တောင်တောင်လေးဖြစ်သွားပြီး

"မောင် ဘာလို့ ရပ်လိုက်တာလဲဟင်"

"အဆိုးလေးကိုအပြစ်ပေးမလို့"

"ဘာအပြစ်ပေးမလို့လဲ သျှားဘာလုပ်မိလို့လဲဟင်"

"ကိုယ့်အပြစ်ကို မသိဘူးလား"

ခေတ်မင်းတစ်ယောက်လေသံမာမာလေးနဲ့ပြောနေတော့ သျှားကမျက်ရည်လေးဝဲလျက်

"သျှားတကယ်မသိတာပါ အဟင့်"

သျှားတစ်ယောက်ပြောရင်းနဲ့ငိုချလာလေတော့သည်။ထိုအခါမှခေတ်မင်းလဲပြာပြာသလဲ

"ဟာ ဟေ့ သျှား ဘာလို့ငိုတာတုန်း မောင်ကစတာလေ"

"စရင်အဲ့လိုစရလား အီးးးးးဟီးးးးး သူများဘယ်လောက် အင့် လန့်သွားတယ်ထင်လဲဟင့် လူဆိုးကြီးရဲ့"

"ဟုတ်တယ်နော်မောင်ကလူဆိုးကြီးနော် မောင့်ကလေးလေးကမငိုနဲ့တော့နော် တိတ်တိတ်"

"အွန်း အဟင့်"

"လိမ်မာတယ် အူးမွ"

"ဟာ မောင် လမ်းကြီးမှာ ဘာလို့နမ်းတာလဲ"

"ဘာဖြစ်လဲ ကိုယ့်ချစ်သူကိုကိုယ်နမ်းတာ ဘယ်သူ့ကိုဂရုစိုက်ရမှာလဲ"

"ဟုတ်ပါပြီမောင်ရယ် စိတ်မတိုနဲ့တော့နော်"

"မတိုစေချင်ရင် နှုတ်ခမ်းကိုနမ်း"

"ဟာ မောင်"

"ဘာလဲ မနမ်းဘူးလား မနမ်းရင် ဒီနေ့ကျောင်းမရောက်ဘူးမှတ်"

"ဟွန့် မောင်နော် နမ်းမယ် နမ်းမယ်"

ဆိုကာ ခေတ်မင်းနှုတ်ခမ်းကိုဖွဖွလေးနမ်းပြီးပြန်ခွာလိုက်တယ်။ထိုအခါခေတ်မင်းက

"နမ်းတယ်ဆိုတာ‌ဒီလို မနမ်းရဘူးသျှားရဲ့ မောင်ပြမယ် လာထား"

"ဟာ မောင် မပြ အွန့် အင့် တော့လို့ အွန့် ပြွတ်စ်"

ခေတ်မင်းလည်းသျှားနှုတ်ခမ်းတစ်ခုလုံးကိုငုံထွေးပြီး lilipop စုပ်သလို စုပ်ကာနမ်းနေတော့သည်။နမ်းတာဘယ်လောက်တောင်ကြာသွားလဲမသိ။သျှားအသက်ရှူကြပ်လို့ရင်ဘတ်ကိုတဘုန်းဘုန်းထုရိုက်လာမှသာအလွတ်ပေးတော့သည်။သျှားလည်းထိုအခါမှအသက်ကိုဝဝရှူနိုင်တော့သည်။

မောင့်ရဲ့သျှား (Complete)Where stories live. Discover now